03 November, 2012

လိုင်စင်မဲ့ကား အဖွဲ့စုံဖြင့် စတင်အရေးယူပြီ ..


ကရင်ပြည်နယ် မြ၀တီမှတဆင့် မြန်မာနိုင်ငံအနှံ့ပို့ဆောင်နေသော လိုင်စင်မဲ့ကားများအား သက်ဆိုင်ရာမှ ထိရောက်စွာအရေးယူနိုင်ရန်
အ တွက် ဂျိုင်းတံတား (ဇာသပြင်) နှင့် ကျိုက်ထိုမြို့များတွင် အဖွဲ့စုံပါဝင်သော စစ်ဆေးရေးအဖွဲ့များရောက်ရှိ စစ်ဆေးအရေးယူနေပြီလို့
သိရ ပါတယ်။
ဖားအံကလာတဲ့ သတင်းများအရ အဲဒီအဖွဲ့စုံမှာ ထူးခြားတဲ့အချက်
တစ်ချက်အနေနဲ့က ပြည်တွင်းသတင်းထောက်တွေ ဂျာနယ်လစ်တွေပါ အဖွဲ့နဲ့တူတူပါလာကြတယ်လို့ဆိုပါတယ်။
အကောက်ခွန်ဝန်ထမ်းတွေလည်းပါလာပြီး အခွန်မဲ့ပစ္စည်းတွေကိုလည်း စစ်ဆေးမှာပါ။ အဖွဲ့မှာ ကညနကအရာရှိတွေလည်းပါလာမှာဖြစ်ပြီး အစစ်ကဲ့သို့ပြုလုပ်ထားသောလိုင်စင်အတုများကိုလည်း စစ်ဆေး
အရေးယူမယ်လို့ သိရပါ တယ်။
မီဒီယာပါလာတော့ အဖွဲ့စုံကလူတွေလည်း ဥပဒေအတိုင်းလုပ်ကြမယ်လို့
မျှော်လင့်ရပြီး မြန်မာပြည်က မီဒီယာသမား ဂျာနယ်လစ်တွေ လည်း လဒ်မစားလောက်ပါဘူးဟု မြ၀တီဒေသခံတဦးကပြောပါတယ်။
ကောကရိတ်-မြ၀တီဘက်မှာရှိနေတဲ့ ကားတွေကိုတော့ စစ်ဆေးမယ် မကြားရပေမယ့် စစ်ဆေးနိုင်ချေရှိတယ်လိုလည်း ပြောဆိုနေကြပါတယ်။
မြန်မာဘက်ခြမ်းတွင် ယခုကဲ့သို့ အဖွဲ့စုံဖြင့် ဖမ်းဆီးအရေးယူနေသော်လည်း ထိုင်းဘက် ၁၂၊ ၁၃၊ ၁၄ ဂိတ်များတွင် ကားအရောင်းအ၀ယ် ကောင်းနေပြီး ကားဈေးများသိသိသာသာကျဆင်းခြင်း မရှိကြောင်း သိရပါတယ်။
အရောင်းအ၀ယ်ဆက်ဖြစ်နေပြီး ကားလုပ်ငန်း လုပ်ရိုးလုပ် စဉ်များမှာ အပြောင်းအလဲ မရှိကြောင်းလည်းသိရပါတယ်။ မြ၀တီက ကားသမားများရဲ့
အဆိုအရ ယနေ့အထိ ဖမ်းဆီးအရေးယူခံရသူပေါင်း ရာဂဏန်းလောက်
ရှိနေပြီလို့ သိရပါတယ်။

မြ၀တီသား
မိုးမခ

No comments:

Post a Comment