24 November, 2012

""ကိုရင်လေးတစ်ပါး ကောက်ရထားခြင်း"" ...


(၂၃၊ ၁၁၊ ၂၀၁၂)ညဦးပိုင်းမှာ ဒဂုံမြို့သစ် တောင်ပိုင်းနဲ့ ဆိပ်ကမ်းမြို့နယ်
အစပ် မြန်မာ့သားကောင်းရွာအနီး၊ငါးပိငါးခြောက်ဇုန် (သရက်ပင်ချောင်ရွာ)
သွား ကားလမ်းဘေးတွင် ကိုရင်လေးတစ်ပါး (အသက် ၈-နှစ်ခန့်) အိပ်ပျော်နေသည်ကို လယ်သမားမိသားစုတစ်စုက တွေ့ရှိသဖြင့် သူတို့တဲသို့ ခေါ်ဆောင်လာကာ တစ်ညတာတည်းခိုအိပ်နား စားသောက်စေ၍ ဘယ်ကလာတာလဲ၊ ဘယ်ကို သွားမှာလဲစတဲ့မေးခွန်း
တွေကို မည်မျှမေးမေး ဘာမှ ပြန်မဖြေနိုင်ဖြစ်နေသဖြင့် ပအိုဝ့်ကိုရင်လေးများ၊ချင်းကိုရင်လေးများ ရှိရာ ကျုပ်ကျောင်းကို ခေါ်ဆောင်လာကြသည်ဟု  အရှင်ဝဏ္ဏသီရီFacebook စာမျက်နှာ ဖော်ပြထားပါသည်။
 ကျောင်းမှ တိုင်းရင်းသားကိုရင်လေးများက သူတို့ဘာသာစကားဖြင့် မည်မျှမေးမေးမဖြေနိုင်သောကြောင့် ယင်းတိုင်းရင်းသား မဖြစ်သည်မှာ သေချာဟုလည်းရေးသားထားပါသည်။ မြန်မာစကားလည်း ကောင်းစွာ မတတ်သဖြင့် အခြား ပလောင်၊ ၀ တိုင်းရင်းသားလေး ဖြစ်ဖွယ်ရှိကြောင်း သင်္ကန်းတစ်ထည်နှင့် ဘာပစ္စည်းမှ မပါသော ယင်းကိုရင်လေးနှင့် ပတ်သက်သူများစိတ်ပူနေဖွယ်ရှိကြောင်းသို့ဖြစ်၍အဆိုပါကောက်ရထား
သောကိုရင်လေးအားသိရှိသူများအကြောင်းကြားကြပါရန်ဖော်ပြထားပါ
သည်။ယင်းကိုရင်လေး နေထိုင်ရာ ကျောင်းတိုက်သို့အရောက်ပြန်ပို့ပေးပါမည်ဖြစ်ကြောင်း 

Facebook တွင် ကြေငြာအပ်ပါသည်ဟုလည်းအရှင်ဝဏ္ဏသီရီ Face 

စာမျက်နှာ ဖော်ပြထားပါသည်။
 

မှတ်ချက်။ ။ သင်္ကန်းကျွန်း ဇ၀န မှ လေးထောင့်ကန် စိုက်/မွေး 

သို့ ပြေးဆွဲနေသော အမှတ် (၂၂၉) ဒိုင်နာကားဂိတ်ဆုံး အနီးတွင် 

ယင်းကိုရင်လေးကို တွေ့ရှိခဲ့သဖြင့်
 

သင်္ကန်းကျွန်း၊ သုဝဏ္ဏ၊ တောင်ဥက္ကလာ၊ ဒဂုံ တောင်၊ ဒဂုံမြောက် 

မြို့နယ်ရှိ ကျောင်းတစ်ကျောင်းကျောင်းမှ ကိုရင်လေး ဖြစ်ဖွယ်ရှိပါသည်။

No comments:

Post a Comment