03 November, 2012

လူအုပ်ကြီးက ခဲနဲ့ ပေါက်ခံရတဲ့ လူကြီင်္းမင်းဖုန်းဆိုင် ..


ဒီနေ့မနက်က ဆမ်ဆောင်းဖုန်းဟန်းဆက်တွေကို မြန်မာကျပ်ငွေ ငါးထောင်နဲ့ ရောင်းချမယ်ပြောပြီး မရောင်းချခဲ့ တဲ့ လသာမြို့နယ်ရှိ လူကြီးမင်းဖုန်းဆိုင်မှာ ဖုန်းဝယ်ဖို့ တန်းစီတဲ့သူတွေ ဆိုင်ရှေ့မှာ တန်းစီရင်း မကျေနပ်လို့ ခဲနဲ့ပစ်ပေါက်ကြတယ်လို့ သိရပါတယ်။
လူကြီးမင်းဖုန်းဆိုင်က ဆမ်းဆောင်းဟန်းဆက် တချို့ကို တိုကင်စနစ်နဲ့ တစ်လုံးကို ကျပ် ၅၀၀၀ရောင်းချပေးမယ်ဆိုတဲ့ အတွက် ဖုန်းဝယ်သူတွေက မနက် ၈နာရီမထိုးခင်ကတည်းက ဆိုင်ရှေ့မှာသွားရောက်တန်းစီခဲ့ကြတယ်။
မနက် ၈း၃၀ နာရီမှာ တိုကင် စဝေချိန် လူအရမ်းတိုးတဲ့အတွက် တိုကင် မဝေတော့ဘူးလို့ မရောင်းနိုင်တော့ဘူးလို့ ဆိုင်က ကြေညာလိုက်တဲ့ အတွက် မကျေနပ်သူတွေက ခဲနဲ့ ဆိုင်ကိုဝိုင်းပေါက်ကြတာပါ။
ဆိုင်ကိုခဲတွေနဲ့ပစ်ပေါက်တဲ့အတွက်ဆိုင်ရဲ့ဆိုင်းဘုတ်တွေထိခိုက်ပျက်စီးသွားတယ်လို့ မျက်မျင်သက်သေတွေကပြောပါတယ်.
 လူကြီးမင်း မိုဘိုင်းအရောင်းဆိုင် မနက်ဖြန် သတင်းစာရှင်းလင်းပွဲပြုလုပ်မည်
လူကြီးမင်း ဖုန်းအရောင်းဆိုင် ၁၁ ဆိုင်လုံးတွင် ဆမ်ဆောင်းဂလက်ဆီမီနီ အလုံး ၁၀၀ ကျော်ကို တစ်လုံးလျှင် ငွေ ၅၀၀၀ ကျပ်နှုန်းဖြင့် ယနေ့ ရောင်းချပေး မည့် အစီအစဉ်အားလာရောက်ဝယ်ယူသူများပြားသောကြောင့် ရောင်း ချမှုအား ခေတ္တ ရပ်ဆိုင်းထား လိုက်ရကြောင်း သိရသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ နိုဝင်ဘာ ၄ ရက် နံနက် ၁၀ နာရီတွင် Park Royal Hotel ပတ္တမြား-၉ တွင် သတင်းစာ ရှင်းလင်းပွဲ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း လူကြီးမင်း မိုဘိုင်းဖုန်း အရောင်းဆိုင်မှ မန်နေဂျာ ဦးကိုကိုအောင် က ပြောကြားသည်။

By Yangon Media Group

No comments:

Post a Comment