လက်ပန်တောင်း တောင်မှ နောက်ဆက်တွဲ သတင်းများ ..၁
ဦးဝိသုတစာရ(သက်တော်၅၈နှစ်
ဘုရာကြီးတိုက်၊ရေတော်ကျောင်း
မနက်၃နာရီကျော်ကျော်မှာရေပိုက်နဲ့ထိုးတယ်။မိနစ်(၃၀)မှာဒုန်းကျည်နဲ့ပြစ်တယ်။မီးသတ်ကားက(၃)စီး။ဆက်တိုက်ပြစ်လိုက်ကြတာ။
စခန်းကမီးတွေလောင်။မျက်ရည်ယိုဗုံးဖြင့်ပြစ်။ကိုယ့်ရှေ့ဒါဏ်ရာရသူတွေကဦးဝိသုဒ္ဒဘုရားကြီးအလည်တိုက်အဆောင်(၂)၊ရှင်သဇ္ဖနပခုက္ကူ၊မုံရွာဇောတိကာရုံကဦးဇင်းတွေကဒါဏ်ရာပြင်းထန်လွန်းပါတယ်။သံဃာတော်တွေကိုမီးလောင်တိုက်သွင်းတာတရားဥပဒေစိုးမိုးရေးဆိုတာကိုသက်သေပြတာလားလို့မေးချင်ပါတယ်။
Ashin Issariya
လက်ပံတောင်း
သပိတ်စခန်းကို ရဲများ ဖြိုခွဲ။ သပိတ်စခန်းတွင် ပါဝင်သူတဦး အင်တာဗျူး။ DVB
လက်ပံတောင်း
သပိတ်စခန်းကို ရဲများ ဖြိုခွဲ (ရုပ် - သံ )
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား
ဖြိုခွင်းရာတွင် ဓါတုလက်နက် ပါဝင်ခြင်းမရှိကြောင်း နိုင်ငံတော် သမ္မတရုံး
ညွှန်ကြားရေးမှူး ဦးဇော်ဌေးပြောကြား
နိုဝင်ဘာလ (၂၉)ရက်နေ့ နံနက် ၃နာရီ ကျော်မှ စ၍
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား ဖြိုခွင်းရာတွင် ဓါတုလက်နက်
ပါဝင်ခြင်းမရှိကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားခဲ့သည်။
“ကျွန်တော်ပြောနိုင်တာက ဓာတု လက်နက်လုံးဝ မပါဘူး။ ၁။ မီး
သတ်ပိုက်သုံးတယ်။ ၂။ မျက်ရည် ယိုဗုံးသုံးတယ်။ ၃။ မီးခိုးဗုံး။ တဲတွေမှာ
မီးလောင်တာက မီးခိုးဗုံး (Smoke Bomb) ကြောင့်ပါ။ ဓာတုပစ္စည်းမပါ ပါဘူး။" ဟု
ဦးဇော်ဌေးက ပြောကြားပါသည်။
ဒေါ်အောင်ဆန်းစုကြည်ယာဉ်တန်းမှာ၁၂နာရီမိနစ်၄၀အချိန်တွင်မုံရွာမြို့အ၀င်
ဗောဓိတစ်ထောင်သို့ရောက်ရှိနေပြီဖြစ်ကြောင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့လိုက်ပါလာသော
ယာဉ်တန်းသည် ယခုအခါ မုံရွာမြို့ မအူကျေးရွာနားသို့ရောက်ရှိနေပြီ ဖြစ်ကြောင်း
မုံရွာမြို့ ဗိုလ်ချုပ်လမ်းမာကြီင်္းပေါ် နာရီစင်ကြီးအနားတွင်လည်း လာရောက်ကြိုဆိုသူ
များဖြင့် များပြားလျက်ရှိကာ လမ်းပိတ်ဆို့မှုများအနည်း ငယ် ဖြစ်ပေါ်နေသည်ဟု သိရသည်။ Yangon Media
ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့ အာရုဏ်တက်ချိန်တွင်
လက်ပန်းတောင်းတောင် သပိတ်စခန်းများအား မီးလောင်ဗုံးဖြင့် ဖြိုခွင်းမှုကြောင့်
ဒဏ်ရာရရှိသွားသော သံဃာတော်များနှင့် ရွာသူရွာသားများ ကို တွေ့ဆုံရန်
မုံရွာပြည်သူ့ဆေးရုံသို့ သွားရောက်လျက်ရှိကြောင်း မုံရွာသို့ ရောက်ရှိနေသော The
Voice Weekly သတင်းထောက်က ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မုံရွာပြည်သူ့ဆေးရုံသို့
သွားရောက်ပြီးမှသာ ဟောပြောပွဲပြုလုပ်မည့် ကံတက်ကုန်းကျေးရွာသို့
သွားရောက်မည်ဖြစ်သည်။ The Voice Weekly
ဝမ်ပေါင် ကြေးနီ စက်ရုံ ၀င်ပေါက်မှ
ပုသိမ်မုံရွာလမ်းဆုံ ထိ ကို သံဆူးကြိုးများ ပိတ်ပြီး ရဲလက်နက်ကိုင်များ
အပိတ်ဆို့ထားသည်။ ယဉ်ကျေးမှု ကင်းမဲ့သော တုန့်ပြန်ဆက်ဆံတတ်သူ ရဲ တပွင့် နှင့်
ကျနော် ပြသနာ တက်သည်။ ပြည်သူ လူထုကို ၇ိုင်းပြစွာ ဆက်ဆံသောကြောင့် ကျနော်က
ယဉ်ကျေးစွာပြောဆိုရန် ပြောပြီး ကျနော် ကိုယ်တိုင် တပ်မတော် အရာရှိဟောင်း
ဖြစ်ကြောင်း ပြည်သူ့လစာကို စားပြီး ပြည်သူကို ယဉ်ကျေးစွာဆက်ဆံဖို့ လိုကြောင်း
ပြောသော အခါ ထို လ ၂၄၇၆၅၉ ဒုရဲအုပ် မျိုးမင်းနိုင် ( တန့်ဆည်စခန်း မုံရွာခရိုင်) က
စစ်ဗိုလ်ဟောင်းလည်း ဖင်ခံ လိုက်ကွာ ဟု ဆိုသည် အထိ ရိုင်းစိုင်းစွာ တုန့်ပြန်သည်ကို
ဝမ်းနည်းစွာ တွေ့ရှိရသည်။
ရဲတပ်ဖွဲ့ဝင်များ မျက်နှာသည် လွန်စွာမှပင်
ဝမ်းနည်းစဖွယ်ကောင်းလောက်အောင် ယဉ်ကျေးမှု ကင်းမဲ့နေသည်ကို တွေ့ရှိရသည်။ ထို
ဒုရဲအုပ်မှာ တိုင်းရင်းသား တဦးဖြစ်နေသည်ကို လည်း သတိပြုလိုက်မိသည်။
ရဟန်း သံဃာ လူ ပရိသတ် စုစုပေါင်း ၇၀ ခန့် ထိခိုက် ဒါဏ်ရာ
ရခဲ့ပြီး၊ သံဃာတော် တပါး ပျံလွန်တော်မူသွားသည်ဟု တွေ့မြင်လိုက်ရသော ရွာသားများက
ပြောပြ သော်လည်း အခြေအနေမှ စစ်မြေပြင် အတွင်း ညဖက် စိနင်း သတ်ဖြတ်တိုက်ခိုက်သကဲ့သို့
အလစ်အငိုက် အမိုက်ထု ကို အကာကွယ်ယူပြီး လက်နက်များ၊ မီးခိုးဗုံးများ၊
မီးလောင်ဗုံးဟု ယူဆ ရသော မီးလောင်စေတတ်သည့် ပေါက်ကွဲမှုများဖြင့် အလစ်အငိုက်
တိုက်ခိုက် စီးနင်းခြင်း ဖြစ်ရာ ဖြစ်စဉ် အသေးစိတ်ကို အတိအကျ မရနိုင်ပေ။
ပြောင်းခင်းများ အတွင်း ပုန်းအောင်းနေသေးသော ရွာသားများစွာ တို့ ယခုထက်တိုင်
အဆက်သွယ် မရသေး။ ပျောက်ဆုံးနေဆဲဖြစ်သည်။
မိုးကြိုးပစ် ရွာနှင့် ၀မ်ပေါင် ဂိတ်ကြား တွင်လည်း သံဆူးကြိုးတာား လက်နက်ကိုင်များ
ပိတ်ဆို့ ထားသောကြောင့် ရွာသား သုံးရာခန့်မှာ ပိတ်မိနေသည်။
ကျနော်တို့ အဖွဲ့ ထိုရွာသားများကို သွားရောက် ခေါ်ယူကာ ပိတ်ဆို့ထားသော ရဲများအား
အဘယ်ကြောင့် အများသူငှာလမ်းအား ပိတ်ထားလဲဟု မေးပြီး အတင်းဖြတ်ရန် ကြိုးစားမှ
ငါးဦးစီ ဖြတ်သန်းခွင့် ပေးသည်။ ထို လူပေါင်း ၂၀၀ ခန့်ကို ခေါ်ထုတ်လာခဲ့ပြီး
ကျန်ရစ်နေသေးသော ရွာသားများကို ဆက်လက် ခေါ်ယူနေဆဲဖြစ်သည်။
မကြာမှီ ယခု ဖြစ်စဉ်များနှင့် မနီးမဝေး ကွင်းပြင်ကျယ် ထဲတွင် ဒေါ်အောင်ဆန်းစုကြည်
စကားပြောမည့် စင်မြင့် အနိးတွင် လူပရိတ်သတ် ရာပေါင်းများစွာ နှင့်အတူ ကျနော်တို့
စောင့်ဆိုင်းနေသည်။
ဓါတ်ပုံပင် တင်မရအောင် ကွန်နက်ရှင်က နှေးကွေးလွန်းသဖြင့် စာ အရင် တင်ပြလိုက်သည်
မကြာခင် ပုံများတင်ပြပါမည်။ Nay Myo Zin
အစိုးရက
သပိတ်စခန်းများကို အကြမ်းဖက်ဖြိုခွင်းသည့်အပေါ် အမြင်
အေးနိုင် DVB - 29.11.2012
လက်ပန်းတောင်းတောင် စီမံကိန်းနယ်မြေထဲက သပိတ်စခန်းတွေကို
ဒီနေ့ မနက် အရုဏ်မတက်ခင် အစိုးရက ဖြိုခွင်းရာမှာ သံဃာအပါး ၅၀ လောက်နဲ့ လူတချို့
ဒဏ်ရာရရှိ ခဲ့ပါတယ်။
အဲဒီဖြိုခွင်းမှုနဲ့ ပတ်သက်လို့
လူထုအခြေပြုလူ့အဖွဲ့အစည်းတွေမှာ လုပ်ကိုင်နေသူတချို့ရဲ့ သဘောထားကို
မေးမြန်းထားပါတယ်။
ဦးဂျင်မီ (၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်)
“ကျနော်တို့ သဘောထားက နဂိုကတည်းက ပြောတာပဲ။
ပြဿနာကို ဖြေရှင်းရမယ်။ ဖြေရှင်းရာမှာ အကြမ်းဖက်ဖြေရှင်းတာကို ကျနော်တို့
သဘောမတူဘူး။ အဲဒါ ကျနော်တို့ရဲ့ နှစ်ပေါင်း ၂၀ ကျော် ကိုင်စွဲလာတဲ့ မူဝါဒတခုပဲ။
ဒီပြဿနာက အပိတ်အမှောင်ကာလတုန်းက ဖြစ်ခဲ့တဲ့ ပြဿနာ။ အခု ပွင့်လင်း
မြင်သာလာတဲ့အချိန်မှာ ပြည်သူတွေကလည်း သူတို့ရဲ့အခက်အခဲ၊ ခံစားနေရတဲ့ ဒုက္ခတွေကို
တောင်းဆိုမှာပဲ။ လွှတ်တော်က ပြဋ္ဌာန်းထားတာ ဆန္ဒပြမှု ဥပဒေတို့ ရှိပင်ရှိငြားသော်လည်း
အသွင်ကူးပြောင်းရေးကာလမှာ ဒီဥပဒေတွေကို နှစ်ဖက်လုံး ကျင့်သုံးနိုင်ဖို့။
ကျနော်ဆိုလိုတာက အဲလို ကျင့်သုံးနိုင်ဖို့ အစိုးရက ပိုပြီး စိတ်ရှည်ရမယ်။
နောက်တခုက အခု အစိုးရကို ဆန့်ကျင်တာမဟုတ်ဘူး၊ ကန့်ကွက်နေတာ မဟုတ်ဘူး။ သူတို့က
သူတို့ ခံစားနေရတဲ့ ပြဿနာတွေ ဒုက္ခတွေကို တင်ပြနေတာ၊ အားကိုးနေတာဖြစ်ပါတယ်။
ပြုပြင်ပြောင်းလဲလာတဲ့ အခြေအနေပေါ် မူတည်ပြီး အစိုးရသစ်ကို အားကိုးနေကြတာ။
ဒီအပေါ်မှာ အရင်လုပ်ထုံးလုပ်နည်းတွေအတိုင်း အကြမ်းဖက်ပြီး ဖြေရှင်းတဲ့ ပုံစံဆိုရင်
တိုင်းပြည်ရဲ့ အနာဂတ်ဟာ စိတ်မကောင်းစရာ အခြေအနေတွေ ဖြစ်လာလိမ့်မယ်လို့
ကျနော်မြင်တယ်။”
ဦးမြင့်အေး (လူ့အခွင့်အရေး
ကာကွယ်မြင့်တင်ရေးကွန်ရက်)
“အဲဒါကတော့ လူ့အခွင့်အရေးနဲ့ တိုင်းစရာမလိုပါဘူး။
အစိုးရက သံဃာကို အင်အားသုံးပြီး နှိပ်ကွပ်တယ်ဆိုတာ ဒါ ဘယ်လိုမှ မလျော်ကန်တဲ့
ကိစ္စပါ။ ဆွေးနွေးပါ၊ ညှိနှိုင်းပါ၊ သူတို့ပြောတဲ့ နိုင်ငံရေး ယဉ်ကျေးမှုဆိုတာပေါ့။
အဲဒီဥစ္စာကို ဘာဖြစ်လို့ အသုံးမပြုသလဲ။ ကျနော်တို့အမြင်ကတော့ မရရင် ရအောင် ညှိရမယ်။
လူ့အခွင့်အရေး ရှုထောင့်က ပြန်ကြည့်မယ်ဆိုရင် ဒီဟာကတော့ မသင့်တော်ပါဘူး။ လူထုက
သူ့လိုလားချက်ကို သူတောင်းဆိုတဲ့နေရာမှာ ဥပဒေအကန့်အသတ်တွေ၊ အင်အားသုံး
အကန့်အသတ်တွေဟာ မလျော်ကန်တဲ့ ကိစ္စတွေဖြစ်တယ်။”
ဦးကိုနီ
(မြန်မာနိုင်ငံရှေ့နေများကွန်ရက်)
“ပထမ ရက်မှာ သပိတ်ကို ဖယ်ပေးဖို့ အကြောင်းကြားတယ်ဆိုတာ
သိရတယ်။ ဥပဒေသမား တယောက်အနေနဲ့ ပြောရရင် အုပ်ချုပ်တဲ့ အာဏာပိုင်တွေက
အမိန့်ထုတ်ပြီး တောင်းတယ်၊ ဖယ်ပေးပါ လူစုခွဲပေးပါလို့ ပြောရင် ဖယ်ပေးဖို့
တာဝန်ရှိတယ်။ ဒါ အမှန် အမှားကို ပြောတာမဟုတ်ပါဘူး။ ဥပဒေသဘောအရ ခွဲပေးပါဆိုရင်တော့
ခွဲပေးရမယ်။ သို့သော် ကျနော် တိတိကျကျ မပြောနိုင်တာက လူစုခွဲပေးဖို့ ပြောတာဟာ
ကျင့်ထုံး ဥပဒေမှာ သတ်မှတ်ထားတဲ့အတိုင်း ဆောင်ရွက်ပုံ၊ ဆောင်ရွက်နည်းတွေနဲ့
လုပ်သလား မလုပ်သလားဆိုတာ မရှင်းလင်းဘူး။ လုပ်တာကလည်း ညဖက်လုပ်တယ်။ ၁၄၄ ထုတ်တယ်လည်း
ကြားတယ်။ ၁၄၄ ထုတ်ပြီးတာနဲ့ ပစ်လို့ခတ်လို့သတ်လို့တော့ မရဘူး။ လုပ်ထုံးလုပ်နည်းတွေ
ရှိတယ်။ စနစ်တကျလူစုခွဲဖို့.။ အဲလို စနစ်တကျဆောင်ရွက်ချက်လား မရှိလားတော့
မပြောနိုင်ဘူး။ သို့သော် ပြောလို့ရတာက ဒီလူတွေအားလုံးဟာ အကြမ်းဖက်လုပ်ရပ်ကို
မလုပ်ဘူး။ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ လူတွေဖြစ်လို့ ဘုန်းကြီး၊ သံဃာတော်တွေအပါအ၀င်
အေးအေးချမ်းချမ်းနဲ့ ဆန္ဒပြနေတဲ့ လူထုကို ဖြိုခွဲတဲ့နေရာမှာ ပြင်းထန်တဲ့နည်းတွေ
သုံးတာကိုတော့ ဥပဒေနဲ့မညီဘူးလို့ ထင်တယ်။”
“ဥပမာ ကျနော်တို့ မီးလောင်ဗုံးနဲ့ ပစ်တယ်ဆိုတာ
ဘယ်လိုဗုံးမျိုးလဲဆိုတာ ကျနော်လည်း မသိဘူး။ မျက်ရည်ယိုဗုံးအထိက ကျနော်နည်းနည်း နားလည်ပေးလို့ရတယ်၊
ရေပက်တာ ကျနော်တို့ နားလည်လို့ ရတယ်။ မီးလောင်ဗုံးနဲ့ ပစ်တယ်ဆိုတာ လူခန္ဓာကိုယ်ကို
အသက်အန္တရာယ်ဖြစ်နိုင်ရုံမက အသက်ပါ အန္တရာယ်ဖြစ်နိုင်တဲ့ အနေအထားမျိုးတွေ ရှိတယ်။
ဒီလိုမျိုး အသက်အန္တရာယ်ဖြစ်လောက်အောင် လူစုခွဲတယ်ဆိုတာက ဒီလူအုပ်က
သောင်းကျန်းနေတာမျိုး၊ သူများပစ္စည်း ၀င်ဖျက်ဆီးနေတာမျိုး၊ အိုးတွေအိမ်တွေ
မီးရှို့နေတာမျိုးဆိုရင်တော့ အဲလိုကြမ်းတဲ့နည်းသုံးတာ လက်ခံလို့ရပေမယ့် အခုလို
ငြိမ်းငြိမ်းချမ်းချမ်း ထိုင်ပြီး ဆန္ဒပြသူတွေကို
မီးလောင်ဗုံးပစ်သွင်းတယ်ဆိုတာမျိုးက တည်ဆဲဥပဒေနဲ့ မညီဘူး။ သိပ်အင်အားသုံးတယ်လို့
မြင်တယ်။” DVB TV News
ဒီလုပ်ရပ်များအတွက်...တာဝန်ရှိသူအားလုံးကို
အရေးယူပေးရန်
ပြည်သူ ပြည်သားအားလုံး တောင်းဆိုကြပါ...
ဒီ ရဟန်း သံဃာတော်မျာနှင့် ဒီပြည်သူတွေဟာ
အကြမ်းဖက်လုပ်ရပ် လုပ်ဆောင်နေကြသူတွေမဟုတ်ဘူး..သူတို
့တွေမှာ... လက်နက်ဆို၍ အပ်တိုတချောင်းမရှိ....
ပြည်သူ ပြည်သားများရဲ့  ရပိုင်ခွင့် လုပ်ပိုင့်ခွင့်နှင့်
ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်နေကြခြင်းသာဖြစ်တယ်...၊
ဒီဆန္ဒပြနေသူများကို နေ့ လည် နေ့ ခင်းမှာ ကောင်းမွန်သောနည်းများနှင့်
လူစုခွဲရင် ရနိုင်ပါလျှက်....၊
အခလို ညအမှောင်းအတွင်း မီးလောင်ဗုံးများဖြင့် ဖေါက်ခွဲ သတ်ဖြတ်
ရက်စက်ကြခြင်းဟာ... ပြည်သူ ပြည်သားကို ရည်ရွယ်ချက်ရှိရှိ
လုပ်ကြံသတ်ဖြတ်ကြခြင်းဖြစ်လို့ ....
ဘယ်လိုလူမျိုးများမှ တရားသောလုပ်ရပ်..
မှန်ကန်သော လုပ်ရပ်အဖြစ်... သတ်မှတ်ကြလိမ့်မည်မဟုတ်...၊
လူစိတ်ကင်းမဲ့နေကြသော တာလီဘန်များသာ လုပ်ရပ်ကောင်းအဖြစ်
သတ်မှတ်ကြလိမ့်မည်....၊
ဒီလို လူစိတ်ကင်းမဲ့နေကြသော... အရိုင်းအစိုင်းများကို... လူ့ ပါတ်ဝန်းကျင်မှ
ဖယ်ထုတ် အရေးယူဆောင်ရွက်ရန်အတွက် ပြည်သူ ပြည်သားအားလုံး
စုပေါင်းတောင်းဆိုကြရမည်....၊ တောင်းဆိုကြပါ......။ News of Myanmar
လက်ပံတောင်း စီမံကိန်း ရပ်တံ့ရေး သဗိတ်စခန်းများ
ဖျက်ဆီး ခံရမှူ မျက်မြင်ပါဝင်သူ ကိုရဲရင့်ကျော် ဗကသများအဖွဲ့ ချုပ်အား
ဒီဗွီဘီ သတင်းထောက် ကိုအေးနိုင် မေးမြန်းထားချက်။
လုံလောက်တဲ့ စုံစမ်းစစ်ဆေးမှုတွေမရှိဘူးဆိုရင်
နိုင်ငံတကာက စုံစမ်းစစ်ဆေးမှုမျိုး ပြုလုပ်ဖို့ တောင်းဆိုရလိမ့်မယ်
"ကျွန်တော်သိရသလောက် မီးလောင် ဒဏ်ရာတွေက သာမန်
မီးလောင်ဒဏ်ရာပုံမျိုး မပေါက်ဘူး။ ဓါတုပစ္စည်း တစ်ခုခုနဲ့ ထိထားတဲ့
ပုံမျိုးတွေ့ရတယ်။ သာမန် အဓိကရုဏ်း လက်နက်မျိုးမဟုတ်တဲ့ အတွက် အစိုးရအနေနဲ့က
လုံလောက်တဲ့ ဖြေရှင်းမှုမျိုး လိုပါတယ်။ အစိုးရအနေနဲ့ ဒီဖြစ်စဉ်ကို အသေးစိတ်
စုံစမ်းပြီး ပြည်သူကို ရှင်းလင်းပေးဖို့ လိုအပ်ပါတယ်။ လုံလောက်တဲ့
စုံစမ်းစစ်ဆေးမှုတွေမရှိဘူးဆိုရင် နိုင်ငံတကာက စုံစမ်းစစ်ဆေးမှုမျိုး
ပြုလုပ်ဖို့ တောင်းဆိုရလိမ့်မယ်။"
ဟုElevenMediaGroup၏CEO ဒေါက်တာသန်းထွဋ်အောင်က
ပြောကြားပါသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုင်ကုမ္ပဏီနှင့်
တွေ့ဆုံခွင့်မရ
DVB ၂၉ နိုဝင်ဘာ ၂၀၁၂
စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်
လက်ပန်းတောင်းကြေးနီ စီမံကိန်းကို ကန့်ကွက် ဆန္ဒပြနေတဲ့ သပိတ်စခန်းတွေကို
ရဲတပ်ဖွဲ့ဝင်တွေက ဒီနေ့ မနက်ပိုင်းက အင်းအားသုံး ဖြိုခွဲအပြီးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင် စီးပွားရေးဦးပိုင်လီမိတက်က
တာဝန်ရှိသူတွေကို သွားရောက်တွေ့ဆုံခဲ့ရာမှာ တွေ့ဆုံခွင့် မရခဲ့ဘူးလို့ ဒီဗွီဘီကို
ပြောပါတယ်။
“ကျမတို့ ဆွေးနွေးဖို့ ကမ်းလှမ်းတာ အဲက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေအားလုံး ဘယ်သူမှ
ကျမတို့နဲ့ တွေ့ဖို့ လက်မခံပါဘူး။ ကုမ္ပဏီရှေ့မှာ ကျမ ၁ နာရီလောက် ရပ်ပြီး
တွေ့ဆုံဖို့ရာ အကြောင်းကြားတာကို ဘယ်သူမှ အကြောင်းမပြန်ပါဘူး။”
ရဲတပ်ဖွဲ့ဝင်တွေက ဆန္ဒပြသမားတွေကို အင်အားသုံးဖြိုခွဲခဲ့တဲ့အတွက် အခုချိန်ထိ ၇၀
ဒဏ်ရာရရှိသွားပြီး ၂၇ ဦးကတော့ စိုးရိမ်ရတယ်လို့ ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။ဒေါ်ခင်စန်းလှိုင်ဟာ
မုံရွာမြို့ကို ရောက်ရှိနေတဲ့ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို မနက်ပိုင်းက
ဆန္ဒပြသမားတွေကို ဖြိုခွဲခံရတာနဲ့ပတ်သက်ပြီး အသေးစိတ် တင်ပြသွားမယ်လို့
ပြောဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်
မုံရွာမြို့သို့ရောက်ရှိ..
ဒေါ်အောင်ဆန်းစုကြည်သည် မုံရွာမြို့သို့
ရောက်ရှိပြီးနောက် ကံကုန်းကျေးရွာသို့ သွားရောက် မိန့်ခွန်းပြောကြားမည်ဖြစ်ကာ
အဆိုပါ မိန့်ခွန်းပြောကြားမှုအပြီး အပြန်တွင် မုံရွာဆေးရုံကြီးသို့
ဝင်ရောက်မည်ဖြစ်ကာ ညပိုင်းတွင် ရပ်မိရပ်ဖများနှင့်တွေ့ဆုံမည်ဟု သိရသည်။
နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင်မူ ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံမည်ဟု
သိရှိရပါသိသည်။
No comments:
Post a Comment