06 November, 2012

ယခုနှစ်မကုန်ခင်၌ အစိုးရ၀န်ကြီးဌာနအားလုံး ကိုယ်ပိုင်ဝက်ဘ်ဆိုက် လွှင့်တင်ရမည် ..


ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် ၀န်ကြီးဌာနအားလုံးကို ယခုနှစ်မကုန်ခင်၌ မိမိတို့ ၀န်ကြီးဌာနနှင့် ပတ်သက်သည်များကို အင်တာနက်ဝက်ဘ်ဆိုက် လွှင့်တင်ထားရှိရန်အတွက် ညွှန်ကြားထားသည်ဟု နိုင်ငံတော်သမ္မတရုံးမှ
ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက ပြောသည်။
“e Government မှာ ပွင့်လင်းမြင်သာမှုရှိဖို့အတွက် ၀န်ကြီးဌာနတွေဟာ မိမိတို့ဌာနအကြောင်း၊ မိမိတို့ ဘာတွေလုပ်နေလဲ၊ ဘာလုပ်ဖို့ရှိလဲ၊ မိမိတို့ဌာနရဲ့ လုပ်ထုံးလုပ်နည်းတွေ ဒါတွေကို ၀က်ဘ်ဆိုက်မှာ အကုန်တင်ထားဖို့ ဒါကိုလည်း ပြီးခဲ့တဲ့ အစိုးရဌာနအစည်းအဝေးမှာနိုဝင်ဘာလအတွင်း အပြီးပြင်ဆင်ထားပါ။ ပြီးရင် ရှေ့နှစ်မကူးခင်မှာ ဌာနအားလုံးဟာ မိမိတို့ဌာနအကြောင်းကို ၀က်ဘ်ဆိုက်မှာ တင်ထားပါလို့ ပြောထားပြီးပါပြီ”ဟု ၄င်းက ပြောကြားသည်။
အစိုးရ၀န်ကြီးဌာနများ၌ လက်ရှိအချိန်အထိ ကိုယ်ပိုင်အင်တာနက် ၀က်ဘ်ဆိုက် မရှိသေးသည့် ၀န်ကြီးဌာနများ ကျန်ရှိနေသေးကြောင်း၊ ၀က်ဘ်ဆိုက်ရှိသည့် အချို့သော ၀န်ကြီးဌာနများ အနေဖြင့်လည်း ပုံမှန်သတင်းတင်ဆက်မှု အပိုင်း၌ အားနည်းနေသေးကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။


Khit Lu Nge

No comments:

Post a Comment