25 November, 2012

ကြယ်ငါးပွင့်အဆင့် ဟိုတယ်နှင့် အကြီးဆုံးရှော့ပင်းမောလ်စီမံကိန်း ရန်ကုန်မြို့ မီးရထားရုံးချုပ်ဟောင်းနေရာ၌ တည်ဆောက်မည် ..


Sunday, 25 November 2012

ရန်ကုန်တိုင်း ဒေသကြီး ပန်းဘဲတန်း မြို့နယ် ဗိုလ်ချုပ်လမ်းမကြီးပေါ်၌ ရှိသော မီးရထားရုံးချုပ်ဟောင်း နေရာတွင် ကြယ်ငါးပွင့် အဆင့်ဟိုတယ်များ၊ ကွန်ဒိုမီနီယံ ရုံးခန်းအဆောက်အအုံများနှင့် ရန်ကုန်မြို့ရှိ အကြီးဆုံး
ရှော့ပင်းမောလ်ပါဝင်သော စီမံကိန်းကြီး တစ်ခုတည်ဆောက် သွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၂ ရက် က ကျင်းပသော FMI ကုမ္ပဏီ
နှစ်ပတ်လည်အစည်းအဝေးမှ သိရသည်။
အဆိုပါ စီမံကိန်းတွင် ကြယ်ငါးပွင့် အဆင့်ဟိုတယ်နှစ်လုံး၊ ကွန်ဒိုမီနီယံ တစ်ခု၊ Serviced Apartmentတစ်ခု၊ ရုံးခန်း အဆောက်အအုံနှစ်လုံးနှင့် ရန်ကုန်မြို့၏ အကြီးဆုံး ရှော့ပင်းမောလ် ပါဝင်မည်ဖြစ်ပြီး မြေ ၁ဝ ဧက အကျယ်အဝန်းတွင် တည်ဆောက်ရန် Parkson Department Store ကုမ္ပဏီ အုပ်စုနှင့် သဘောတူ လက်မှတ်ရေးထိုး ပြီးဖြစ်ကြောင်း FMI ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယခုအခါ အဆိုပါစီမံကိန်း နေရာတွင် ရှိသော FMI စင်တာကို အကြီးစား ပြန်လည်မွမ်းမံမှုများ ပြုလုပ်နေပြီး လေးနှစ်အတွင်း စီမံကိန်းကြီးကို အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

မြ၀တီ

No comments:

Post a Comment