06 November, 2012

ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယသို့ တစ်ပတ်ကြာ သွားရောက်မည် ..



ပြည်သူ့လွှတ်တော် တရား ဥပဒေ စိုးမိုးရေး နှင့် ငြိမ်းချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သည် နိုဝင်ဘာလ ၁၂ ရက်နေ့ မှ စတင်ကာ အိန္ဒိယ နိုင်ငံသို့ တစ်ပတ် ကြာ သွားရောက် လည်ပတ်မည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ အတွင်းရေးမှူး ဦးညဏ်ဝင်း က The Voice Weekly သို့ ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည် သည် နိုဝင်ဘာ လ ၁၂ရက်နေ့ တွင် အိန္ဒိယ နိုင်ငံသို့ သွားရောက် မည် ဖြစ် သော်လည်း ခရီးစဉ် အတိအကျ ကို မသိရှိရ
သေးကြောင်း၊ အချိန် နီးကပ် လာပါက ပြန်လည် ထုတ်ပြန် ပေးမည်
ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည် ၏ ခရီးစဉ် အတွင်း အိန္ဒိယ နိုင်ငံ ပါလီမန် လွတ်တော် သို့ သွားရောက် လေ့လာဖွယ် ရှိ ပြီး ၊အစိုးရ အဖွဲ့
ခေါင်းဆောင်ပိုင်း များနှင့် လည်း တွေ့ဆုံ နိုင်ခြေ ရှိကြောင်း ဦးညဏ်ဝင်း က ပြောကြားသည်။


The Voice Weekly

No comments:

Post a Comment