မြန်မာအစိုးရ ပြည်ပဘဏ်များတွင် ဒေါ်လာ ခြောက်ဘီလီယံအပ်နှံထားဟုဆို ..
ရန်ကုန်၊ အောက်တိုဘာ-၂၇
ပြည်ပဘဏ်များတွင် မြန်မာနိုင်ငံ အစိုးရအနေဖြင့်
အနည်းဆုံးဘဏ် စာရင်းငါးခုဖြင့် အမေရိကန်ဒေါ်လာခြောက်ဘီလီယံအပ်နှံထားကြောင်း
ဝါရှင်တန်အခြေစိုက် နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများ စောင့်ကြည့်နေသည့်အဖွဲ့
(BIC)မှ မန်နေဂျာ Jelson Garcia ကပြောကြားသည်။
''စာရင်းဖွင့်ထားတာတော့ အမှန်ပဲ။ ဘယ်လောက်ဆိုတာ တိတိကျကျပြောဖို့ မလွယ်ဘူး။
ဒီထက်တော့မကနိုင်ဘူး''ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန
ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ဦးမောင်မောင်ဝင်းကပြောသည်။
ပြည်ပ၌ ငွေစာရင်းဖွင့်လှစ်ရခြင်းမှာ ပြည်တွင်းမှပို့ကုန်သွင်းကုန်လုပ်ငန်းများ၊အစိုးရ၏ပို့ကုန်သွင်းကုန်လုပ်ငန်းများလုပ်ကိုင်ရန်အတွက်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း
ဦးမောင်မောင်ဝင်းကဆိုသည်။
မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုများပြုလုပ်နေသည့် ထိုင်း၊ မလေးရှား၊ ကိုရီးယား၊
ဂျပန်၊ စင်ကာပူ စသည့်နိုင်ငံများရှိဘဏ်များတွင် ဖွင့်လှစ်ထား
ခြင်းဖြစ်ကြောင်း ဦးမောင်မောင်ဝင်းက ပြောကြားသည်။
No comments:
Post a Comment