ရန်ကုန်လေဆိပ်မှာ တူရကီစစ်လေယာဉ်(၂)စီး ဆိုက်ရောက်နေကြောင်း သတင်းတွေ ပေါ်ထွက်လာပြီးနောက် ဒါဟာ ရခိုင်ပြည်နယ်က ဒုက္ခသည်တွအတွက် ထောက်ပံ့ပစ္စည်းတွေ သယ်ဆောင်လာတဲ့ စီ ၁၃၀ လေယာဉ်တွေ ဖြစ်ကြောင်း သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေး ဖေ့စ်ဘုတ်စာမျက်နှာမှာ ရှင်းလင်းချက် ထုတ်ပြန်ထားပါတယ်။ ဒီလေယာဉ်(၂)စီးဟာ (၂၅) ရက်နေ့က ရန်ကုန်လေဆိပ်ကို ဆိုက်ရောက်နေပြီး ဒီနေ့မနက်ပိုင်းမှာတော့ ပြည်တွင်းဂျာနယ်တွေရဲ့ ဖေ့ဘုတ်တွေမှာ ဓါတ်ပုံတွေ ဖေါ်ပြခဲ့ပါတယ်။ သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးကတော့ တန်ချိန် ၃၀ အလေးချိန်ရှိတဲ့ စားသောက်ကုန် တွေကို အောက်တိုဘာ ၂၆ ညနေမှာ မြန်မာ့လေကြောင်းလိုင်းနဲ့ စစ်တွေကို ပို့ပြီး ပြည်နယ်အစိုးရကနေ ဒုက္ခသည်တွေ လက်ဝယ်ရောက်အောင် ပို့ဆောင်ပေးမှာ ဖြစ်ကြောင်း ရှင်းလင်းချက်မှာ ရေးသားထားပါတယ်။
26 October, 2012
မင်္ဂလာဒုံလေယာဉ်ကွင်းတွင်ရောက်ရှိနေသော တူရကီစစ်လေယာဉ် ကိစ္စ ..
ရန်ကုန်လေဆိပ်မှာ တူရကီစစ်လေယာဉ်(၂)စီး ဆိုက်ရောက်နေကြောင်း သတင်းတွေ ပေါ်ထွက်လာပြီးနောက် ဒါဟာ ရခိုင်ပြည်နယ်က ဒုက္ခသည်တွအတွက် ထောက်ပံ့ပစ္စည်းတွေ သယ်ဆောင်လာတဲ့ စီ ၁၃၀ လေယာဉ်တွေ ဖြစ်ကြောင်း သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေး ဖေ့စ်ဘုတ်စာမျက်နှာမှာ ရှင်းလင်းချက် ထုတ်ပြန်ထားပါတယ်။ ဒီလေယာဉ်(၂)စီးဟာ (၂၅) ရက်နေ့က ရန်ကုန်လေဆိပ်ကို ဆိုက်ရောက်နေပြီး ဒီနေ့မနက်ပိုင်းမှာတော့ ပြည်တွင်းဂျာနယ်တွေရဲ့ ဖေ့ဘုတ်တွေမှာ ဓါတ်ပုံတွေ ဖေါ်ပြခဲ့ပါတယ်။ သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးကတော့ တန်ချိန် ၃၀ အလေးချိန်ရှိတဲ့ စားသောက်ကုန် တွေကို အောက်တိုဘာ ၂၆ ညနေမှာ မြန်မာ့လေကြောင်းလိုင်းနဲ့ စစ်တွေကို ပို့ပြီး ပြည်နယ်အစိုးရကနေ ဒုက္ခသည်တွေ လက်ဝယ်ရောက်အောင် ပို့ဆောင်ပေးမှာ ဖြစ်ကြောင်း ရှင်းလင်းချက်မှာ ရေးသားထားပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment