ယနေ့ (စက်တင်ဘာလ ၂၈ ရက်နေ့) နံနက် ၁၁ နာရီခန့်က
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရွှေပြည်သာရပ်ကွက်မှ ရေခဲချောင်းရောင်းသော
ကလေးတစ်ဦးသည် စစ်တွေ မြို့ပေါ်ရှိ အင်ပါလာ( အောင်မင်္ဂလာ) ဘင်္ဂါလီ ရပ်ကွက်အတွင်းသို့
ရေခဲချောင်းသွားရောင်းရာမှ ပြန်ထွက်မလာသဖြင့် စစ်တွေမြို့ပြည်သူများမှ
သေပြီဟုယူဆကာ မွန်းလွဲ ၁ နာရီခန့်တွင် သံဃာတော် တစ်ရာကျော်ခန့်နှင့် လူဦးရေ
သုံးထောင်ခန့်စုဝေးကာ အဆိုပါရပ်ကွက်အတွင်း သို့ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြောင်း
သိရသည်။
ယင်းအတွက်ကြောင့် ပြည်နယ်အစိုးရ လုံခြုံရေးဝန်ကြီး
ဗိုလ်မှူးကြီးထိန်လင်းနှင့် ရေးရာတာဝန်ရှိသူများ၊ ရဲများနှင့် စစ်တပ် တစ်တပ်တို့
အဆိုပါပြည်သူများကို တားဆီးရန် ရောက်ရှိနေကြပြီး ညနေ ၄ နာရီခန့်တွင် ရဲ ၆၀
ဦးခန့်က ပြည်သူများကို တားဆီးနေပြီး စစ်တပ်က မီးတိုင်တစ်တိုင်အကွာခန့်တွင်
တပ်စွဲထားကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကလေးသေဆုံးခြင်းမှာ
မဟုတ်မှန်ကြောင်း ပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး
ကော်မတီဥက္ကဌ ဦးလှသိန်းက Eleven Media Group သို့ ပြောကြားသည်။
ပြည်သူများကို ဗိုလ်မှူးကြီး ထိန်လင်းက ကလေးသေဆုံးခြင်းမှာ မဟုတ်မှန်ကြောင်း
ပြောဆိုခဲ့ကာ ပြည်သူများက ကလေးကို ထုတ်ပေးရန် တောင်းဆိုနေကြကြောင်း သိရသည်။
ညနေ ၄ နာရီခွဲခန့်တွင် ဗိုလ်မှူးကြီးထိန်လင်းက သံဃာတော်များနှင့် တွေ့ဆုံခဲ့ပြီး
လောလောဆယ် ကလေးကို ရှာနေပါကြောင်း၊ အချိန်အတိုင်းအတာ တစ်ခုအတွင်း ကလေးကိုတွေ့အောင်
ဆောင်ရွက်ပေးပါ့မည်ဟု ပြောဆိုကြောင်း သိရသည်။
ယခုအခါ ပြည်နယ်အစိုးရ လွှတ်တော်ကိုယ်စားလှယ်များလည်း ရောက်ရှိလာကြောင်း သိရသည်။
Eleven Media Group
မွန်းလွဲ ၃ နာရီ၊ စက်တင်ဘာ ၂၈၊ ၂၀၁၂ YPI
ယနေ့မွန်းလွဲ ၂ နာရီ ၄၀ မိနစ်ဝန်းကျင်မှစတင်ကာ
ထောင်နှင့်ချီသည့် စစ်တွေမြို့ခံများက စစ်တွေမြို့ရှိ တခုထည်းသော အစ္စလာမ်
ဘာသာဝင်များ နေထိုင်ရာ အောင်မင်္ဂလာရပ်ကွက် (မော့လိပ်) ကို လေးဘက် လေးတန်မှ
ဝိုင်းရံထားသည်ဟု စစ်တွေမှ ရရှိသည့် သတင်းတရပ်အရ သိရသည်။
ယင်းသို့သော အခြေအနေကြောင့် ရပ်ကွက်အား စစ်တပ်နှင့် ရဲလုံထိန်းများချထားကာ
လုံခြုံရေး အရကာကွယ်ပေးထားကြောင်းလည်း သိရှိရသည်။
စစ်တွေ မြို့ခံတဦး၏ ခန့်မှန်းချက်အရဆိုလျင် လူအုပ်အရေအတွက်မှာ အရပ်မျက်နှာ ၁
ဘက်လျင် ၁ ထောင်ဝန်းကျင်ခန့်ရှိသည်ဟု သိရှိရသည်။ အရေအတွက်နှင့်ပတ်သက်၍ သီးခြား
အတည်ပြုချက် မရသေးပါ။
Yangon Press Internationalကလေးကတော့ပျောက်နေဆဲဖြစ်ပြီး လိုက်ရှာနေကြောင်း၊ အသတ်ခံရတာကိုတော့ အတည်မပြု နိုင်သေးကြောင်း လုံခြုံရေးတာဝန်ရှိတာတွေက ဆိုပါတယ်။ လုံခြုံရေးတွေနဲ့ အစိုးရနဲ့ ရှာဖွေနေဆဲဖြစ်ပါတယ်။ လောလောဆယ်တော့ အင်ပါလာကို ၀ိုင်းထားတဲ့လူထုကို စည်းသုံးတန် တားပြီး လုံခြုံရေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။
(သတင်း-ဥက္ကာကိုကို)
______________________________ ________________________
စစ်တွေ အခြေအနေ ပိုမို တင်းမာ
စစ်တွေမြို့တွင် ရခိုင်တိုင်းရင်းသား ကလေးငယ်တစ်ဦးကို ဘင်္ဂါလီများ
သတ်ဖြတ်မှုကြောင့် ဒေသတွင်း အခြေအနေတင်းမာမှု ပိုပြင်းထန် လာကြောင်း စစ်တွေမြို့
ဒေသခံများထံ ဆက်သွယ်မေးမြန်းချက်များ အရသိရှိရသည်။
ဒေသခံ ရခိုင်တိုင်းရင်းသားများနှင့် သံဃာတော်များ အဆိုပါ ကိစ္စကို ဖြေရှင်းပေးရန်း
အခင်းဖြစ်ပွါးခဲ့သော အောင်မင်္ဂလာ (အင်ဘာလာ) ရပ်ကွက်တွင် ချီတက်တောင်းဆိုနေကြကြောင်း
၎င်းတို့ထံမှ သိရှိရသည
်။
အဆိုပါ သတ်ဖြတ်ခံရသော ကလေးသည် ဒဏ်ရာရရှိသော်လည်း သေဆုံးခြင်း မရှိကြောင်း၊ ယခု
စစ်ဆေးရုံတွင် ကုသပေးနေကြောင်း စစ်တပ်က အတည်ပြုကြောင်း ဒေသခံများက ဆိုသည်။
ဓါတ်ပုံ - အောင်ကျော်ဝင်း(Rakhine Citizen Journalists)
-ယခုအချိန်တွင် ပျောက်ဆုံးသွားသည်ဟု ယူဆခဲ့သော
မောင်အောင်နိုင်ဦးအား မိခင်ဖြစ်သူနှင့်အတူ ပြည်သူများအား
ခေါ်ပြနေကြောင်း သိရသည်။(EMG)
-စစ်တွေတွင် ရခိုင် ကလေး ရိုက်နှက်ခံရမှု မဟုတ်ဟု အစိုးရ
ဖြေရှင်း
ရခိုင်ပြည်နယ် စစ်တွေမြို့ အောင်မင်္ဂလာ (အင်ဘာလာ) ရပ်ကွက်တွင်ရေခဲချောင်း ရောင်းသော ရခိုင်တိုင်းရင်းသား ကလေးငယ် တစ်ဦး ရိုက်နှက်ခံရမှု သတင်းမှာ မမှန်ကန်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့
သတင်းပြန်ကြားရေးဌာနမှ ဦးဦးလှသိန်းက The Voice Weekly သို့
ပြောကြားသည်။
အဆိုပါ ကလေးငယ်ကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့က
ရှာဖွေတွေ့ရှိထားပြီဖြစ်ကာ ၄င်းကို စစ်ဆေး မေးမြန်းနေကြောင်း ၄င်းက
ဆိုသည်။
ယင်းကလေးငယ် ကို ထုတ်ဖော်ပြသပေးရန် အောင်မင်္ဂလာ ရပ်ကွက်တွင် ဒေသခံ လူပေါင်းထောင်ချီ တောင်း ဆိုနေကြကြောင်း ဒေသခံများထံ ဆက်သွယ် မေးမြန်းချက်များ အရ သိရှိရသည်။(voice news)
No comments:
Post a Comment