04 September, 2012

မြန်မာနိုင်ငံသတင်းစာဆရာအသင်း သတင်းထုတ်ပြန်ချက် (၂/၂၀၁၂)..

အကြောင်းအရာ။        ။ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့်
မြန်မာနိုင်ငံသတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးစိုးသိမ်း(မောင်ဝံသ)တို့တွေ့ဆုံခြင်း

၁။ ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်သည်
မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဥက္ကဋ္ဌ ဦးစိုးသိမ်း(မောင်ဝံသ)အား စက်တင်ဘာ
၂ရက်နံနက် ၇နာရီ ၄၅မိနစ်က ရန်ကုန်မြို့၊ပြည်လမ်းရှိ မြန်မာ့
အသံနှင့်ရုပ်မြင်သံကြား အစည်းအဝေးခန်းမတွင် မိနစ်ငါးဆယ်ကြာတွေ့ဆုံခဲ့ပါသည်။

၂။ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးဦးအောင်ကြည်နှင့်
မြန်မာနိုင်ငံသတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးစိုးသိမ်း (မောင်ဝံသ)တို့သည်
အမြူတေစာနယ်ဇင်းကောင်စီကိစ္စအပါအ၀င် ပြည်တွင်းသတင်းမီဒီယာများ
နိုင်ငံတကာစံနှုန်းမီ စာနယ်ဇင်း လွတ်လပ်ခွင့် တိုးချဲ့ ရရှိရေးနှင့်
မီဒီယာဥပဒေကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

၃။ အမြူတေစာနယ်ဇင်းကောင်စီနှင့်ပတ်သက်ပြီး
မြန်မာနိုင်ငံသတင်းစာဆရာအသင်းက ယခင် ဆွေးနွေးညှိနှိုင်းခဲ့သည့်
လက်မခံနိုင်သောအချက်များနှင့် ပြောင်းလဲသင့်သောအချက်များနှင့်ပတ်သက်ပြီး
ပြည် ထောင်စုဝန်ကြီး ဦးအောင်ကြည်က လက်ခံသဘောတူကြောင်း၊
သတင်းမီဒီယာသမားများ ကျေနပ်လက်ခံနိုင်မည့် စာနယ်ဇင်းကောင်စီတစ်ရပ်
ဖော်ထုတ်ရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
မြန်မာနိုင်ငံသတင်းစာဆရာအသင်းဥက္ကဋ္ဌအား ရှင်းလင်းပြောကြားခဲ့ပါသည်။

၎။ မြန်မာနိုင်ငံသတင်းစာဆရာအသင်းဥက္ကဋ္ဌသည် စက်တင်ဘာ ၂ရက် မွန်းလွဲ ၃နာရီတွင်မြန်မာနိုင်ငံသတင်းစာဆရာအသင်းဗဟိုအလုပ်အမှုဆောင်အဖွဲ့အထူးအစည်းအဝေးခေါ်ပြီး
ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံခဲ့မှုအခြေအနေများကိုပြန်လည်ရှင်းလင်းတင်ပြခဲ့ပါသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့
မြန်မာနိုင်ငံသတင်းစာဆရာအသင်း
၂ စက်တင်ဘာ ၂၀၁၂




No comments:

Post a Comment