ထိုင်းဝန်ကြီးချုပ်
မစ္စယင်လပ်ရှင်နာဝပ်ထရာ၏ မြန်မာနိုင်ငံခရီးစဉ်အား
မြန်မာနိုင်ငံဘက်မှအတည်ပြုအကြောင်းပြန်ပေးခြင်းမရှိသေးသောကြောင့် ရွှေ့ဆိုင်းလိုက်ရကြောင်းသိရသည်။
ထိုင်းဝန်ကြီးချုပ်၏ မြန်မာခရီးစဉ်ကို စက်တင်ဘာ (၁၃)ရက်မှ

(၁၅)ရက်အထိ
သတ်မှတ်ထားခြင်းမှာ ထိုင်းနိုင်ငံဘက်မှ သတ်မှတ်ခြင်း သာဖြစ်ပြီး မြန်မာအစိုးရဘက်မှ
ပြန်ကြားအတည်ပြုမှုမပြုသေးသောကြောင့် စက်တင်ဘာ ( ၁၉ )ရက်မှ ( ၂၁ )ရက်သို့
ရွှေ့ပြောင်းခဲ့ရကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆူရာပေါင်က
သတင်းမီဒီယာများသို့ ပြောသည်။
ဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း ဆွေးနွေးမှုများအတွက် ကြိုတင်ပြင်ဆင် ရန် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းခန့် Sihasak Phuang Kate Kaew နှင့်အမျိုးသားစီးပွားရေးနှင့် လူမှုရေး ဖွံဖြိုးတိုးတက်မှုဘုတ်အဖွဲ့ ညွှန်ကြားရေးမှူး Krkom Termpitaya paisit တို့ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လွန်ခဲ့သည့်သီတင်းပတ်ကထားဝယ်ဒေသသို့စေလွှတ်ခဲ့သည်ဟု

လည်းသိရသည်။
No comments:
Post a Comment