27 August, 2012
စည်ပင်မှ အရာရှိနှင့် ဝန်ထမ်း(၈၂)ဦးကို အရေးယူခဲ့
ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဧပြီ လ ၁ ရက်မှ ၂၀၁၂ ခုနှစ် သြဂုတ်လ ၆ ရက်နေ့အထိသော ကာလအတွင်း မရိုးမဖြောင့်သောနည်းဖြင့် တာဝန်ထမ်းဆောင်ကာ ၀န်ထမ်းစည်းကမ်း ဖောက်ဖျက်ကျူးလွန်ခဲ့သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှအရာရှိ (ဌာနမှူးအဆင့် မှ ဌာနစုမှူးအဆင့်အတွင်း)နှင့် အောက်ခြေ၀န်ထမ်း စုစုပေါင်း ၈၂ ဦးတို့အား အရေးယူခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ထုတ်ပြန်ခဲ့သည်။
ထိုသို့ အရေးယူရာ၌ ၀န်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်း၊ အချိန်မစေ့မီ အငြိမ်းစားယူစေခြင်း၊ ရာထူးတိုးရပ်ဆိုင်းခြင်း၊ ရာထူးလျှော့ချ ခြင်း၊ ဌာနပြောင်း ပြစ်ဒဏ်ပေးခြင်း၊ နုတ်ထွက်စာ တင်စေခြင်းစသည်တို့ ပါဝင်ကြောင်း သိရသည်။
အမှုဖြစ်၊ ပြစ်ဒဏ်ဖြစ်ကာ အရေးယူခြင်းခံရသောအရေအတွက် မှာ ၃၉ ဦးဖြစ်ပြီး ယင်းအထဲတွင် အရာရှိ(ဌာနမှူးအဆင့်မှ ဌာနစုမှူး အထိ) ၁၃ ဦးနှင့် အောက်ခြေ၀န်ထမ်း (အမှုထမ်း) ၂၆ ဦးတို့ပါ ၀င်ကြောင်း၊ အရာရှိ ၁၃ ဦး အနက် ငါးဦးကို ၀န်ထမ်းအဖြစ်မှ ထုတ်ပယ်ခဲ့ပြီးတစ်ဦးကို အချိန်မစေ့မီ ရာထူးမှ အငြိမ်းစားယူစေခဲ့ကြောင်း၊ နှစ်ဦးအား ရာထူးတိုး ရပ်ဆိုင်းခဲ့ပြီး သုံးဦးကို ရာထူးမှလျှော့ချခဲ့ကာ နှစ်ဦးကို ဌာနပြောင်း ပြစ်ဒဏ်ပေးခဲ့ကြောင်း သိရသည်။
အောက်ခြေ၀န်ထမ်း(အမှု ထမ်း) ၂၆ ဦးအနက် ခြောက်ဦးကို ၀န်ထမ်းအဖြစ်မှထုတ်ပယ်ခဲ့ပြီး ၁၂ ဦးကို ရာထူးလျှော့ချခဲ့ကြောင်း၊ တစ် ဦးကို နုတ်ထွက်စာ တင်စေခဲ့ပြီး သုံးဦးကို ရာထူးတိုးရပ်ဆိုင်းခဲ့ကြောင်း၊ တစ်ဦးကိုမူ လစာနှစ်တိုးရပ်ဆိုင်းခဲ့ကာ သုံးဦးကိုမူ ဌာနပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။
ဌာနပြောင်းရွှေ့ခြင်းခံရသော သူအရေအတွက်မှာ ၃၃ ဦးရှိပြီး ယင်းအထဲတွင် အရာရှိ(ဌာနမှူး အဆင့်မှ ဌာနစုမှူးအထိ ) ၁၆ ဦးနှင့် အောက်ခြေ၀န်ထမ်း ၂၇ ဦး တို့ပါ ၀င်ကြောင်း သိရသည်။
စည်းကမ်းဖောက်ဖျက် ကျူးလွန်သဖြင့်သတိ ပေးဆုံးမမှုကိုခံရသော အရာရှိ (ဌာန မှူးအဆင့်မှဌာနစုမှူးအထိ) ၄၇ ဦး နှင့် အောက်ခြေ၀န်ထမ်း (အမှုထမ်း) ၁၄၄၄ ဦးရှိကြောင်း သိရသည်။
Source : EMG
Subscribe to:
Post Comments (Atom)

No comments:
Post a Comment