နိုဝင်ဘာလ ၃ ရက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ်
ရဲစခန်းမှ ဒုရဲ အုပ်တစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦး အပါအဝင် တာဝန်ရှိသူတို့သည်
တရားခံစုံစမ်း ဖမ်းဆီးရန် မိကျောင်း ကန်အပိုင်း (၁) ရပ်ကွက်တွင် သွား ရောက်စစ်ဆေး၍
ဘက်ထရီအိုးခိုး သူတို့မှ ဓားဖြင့် ထိုး၍ ထွက်ပြေး သွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသ
ကြီး ရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ဝေဇယန္တာလမ်းနှင့် ပြည်သာယာလမ်းထောင့်တွင် လူ ၃
ဦးအား ၂၄ ဗို့ တိုယိုတာ ဘက် ထရီအိုး ၃ လုံးတို့နှင့် မသင်္ကာဖွယ် တွေ့ရှိ စစ်ဆေးစဉ်
၎င်းတို့ ၃ ဦးမှာ ထွက်ပြေးသဖြင့် လိုက်လံ ဖမ်းဆီး ရင်း အဆိုပါ ၃ ဦးအနက် တစ်ဦး
(လူမြင်မှတ်မိ)မှ ဓားဖြင့် ဒုရဲအုပ် တစ်ဦးအား ဝမ်းဗိုက် ယာဘက် ထိုး သွင်း၍
ထွက်ပြေးသွားခဲ့ရာ (ပ) ၆၉၅/၁၂ ပုဒ်မ ၃၃၃ ဖြင့် အမှုဖွင့် ကာ တရားခံ ဖမ်းဆီးရမိရေး
စုံစမ်း လျက်ရှိသည်။
''ဒုရဲအုပ်ကတော့ စံပြဆေးရုံ မှာ အူပြန်ဆက်ပြီး သက်သာသွား
ပါပြီ။ အခင်းဖြစ်တာမှာ ဆွဲကြိုးခိုး တဲ့သူ သွားအဖမ်းမှာ ဘက်ထရီအိုး ခိုးတဲ့အဖွဲ့က
ပြန်ခံပြီး နယ်ထိန်းကို ဓားနဲ့ ခံထိုးတာပဲ။ အခုအချိန်အထိ တော့ မမိသေးဘူး''ဟု
သင်္ဃန်း ကျွန်းမြို့နယ် နေထိုင်သူ ဒေသခံ တစ်ဦးက ပြောသည်။
လက်ရှိတွင် ရန်ကုန်မြို့၌ အုပ် စုဖွဲ့
ဝိုင်းဝန်းရိုက်နှက်မှု ဖြစ်ရပ်များ ကြောင့် မှုခင်းရဲတပ်ဖွဲ့ တာဝန်ရှိသူ တို့သည်
ညအချိန်များတွင် မော် တော်ယာဉ်များသို့ စစ်ဆေးမှုများ ပြု လုပ်ကာ KTV နှင့်
အနှိပ်ခန်းများအား လည်း ည ၁၁ နာရီအချိန် ပိတ်သိမ်း ခိုင်းထားကြောင်း သိရသည်။
မှုခင်းဖြစ်ရပ်များတွင် ဖောက် ထွင်းခိုးယူမှုများ၊
လောင်းကစားမှု များ၊ မဆင်မခြင်မောင်းနှင်ခြင်းကြောင့်
ယာဉ်တိုက်မှုဖြစ်ခြင်းတို့ အများဆုံးဖြစ်ပွားလျက်ရှိသည်။
No comments:
Post a Comment