16 February, 2013

ဘင်္ဂါလီလူမျိုးများမှ အကြမ်းဖက်ရိုက်နှက်၍ ငွေနှင့်ပစ္စည်းလုယက် ..


၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့ မြောက်ဦးမြို့နယ်၊ ဘူးတစ်လုံးကျေးရွာ အုပ်စု၊ ဒုံဘွေကျေးရွာနေ ဦးသာထွန်း (၆၈နှစ်) နှင့် ဇနီး ဒေါ်ဖြူမချေ (၅၈နှစ်)၊ ဦးမောင်ရွှေသန်း (၂၂နှစ်) နှင့် ဇနီး ဒေါ်ဝင်းဝင်းဖြူ (၂၂နှစ်) တို့သည် ရွာအရှေ့မြောက်ဘက် ကွမ်းခြံရှိ ယာတဲ ၂ လုံး၌ ညအိပ်စောင့်နေစဉ် ည ၁၁ နာရီ ၄၅ မိနစ် အချိန်တွင် အမည်မသိ ဘင်္ဂါလီ ၁၀ ဦးခန့်မှ တုတ်၊ ဓားများ ကိုင်ဆောင်ကာ ဦးသာထွန်းနှင့် ဒေါ်ဖြူမချေ တို့၏ တဲသို့ ရောက်ရှိလာပြီး ဦးသာထွန်းနှင့် ဒေါ်ဖြူမချေတို့ကို လက်ပြန်ကြိုးတုပ်၍ တိုင်တွင် ချည်နှောင် ထားခဲ့ပါသည်။

 
အဆိုပါ အမည်မသိ ဘင်္ဂါလီ ၁၀ ဦးသည် ထပ်မံ၍ ဦးမောင်ရွှေသန်းနှင့် ဒေါ်ဝင်းဝင်းဖြူတို့၏ တဲသို့ သွားရောက်စဉ် ဦးမောင်ရွှေသန်းနှင့် ဘင်္ဂါလီအဖွဲ့တို့ ခိုက်ရန်ဖြစ်ပွားပြီး ဒေါ်ဝင်းဝင်းဖြူ မှာ ထွက်ပြေး လွတ်မြောက်ခဲ့ကြသည်။
ထို့နောက်တွင် ဒေါ်ဝင်းဝင်းဖြူမှ ဒုံဘွေကျေးရွာရှိ ရွာသားများအား ခေါ်ဆောင်ကာ နံနက် ၈ နာရီ ၃၀ မိနစ် အချိန်တွင် ယာတဲသို့ သွားရောက်ကြရာ ဘင်္ဂါလီများ ထွက်ပြေးသွားပြီး ဦးသာထွန်း၊ ဒေါ်ဖြူမချေ၊ ဦးမောင်ရွှေသန်းတို့ ၃ ဦးကို လက်ပြန်ကြိုးတုပ်၍ ပါးစပ်များကို အဝတ်ဖြင့် ပိတ်နှောင်ထားသည်ကို တွေ့ရှိရ ကြောင်း သတင်းရရှိပါသည်။
ထိုဖြစ်စဉ်တွင် ဦးသာထွန်း၏ ဘယ်ဘက်လက်တွင် ကြိုးဖြင့်ချည်နှောင် ထားသဖြင့် စုတ်ပြဲဒဏ်ရာ ၁ ချက်၊ ဦးရွှေမောင်သန်း၏ နှာခေါင်းတွင် ထိုးကြိတ်ဒဏ်ရာ ၁ ချက်စီရရှိကာ ယာတဲ ၂ လုံးအတွင်းမှ ဓာတ်မီး ၆ လက်၊ လက်ပတ်နာရီ ၁ လုံး၊ ဓားရှည် ၂ ချောင်း၊ ပိုက်ကွန် ၁ ခု၊ ငွေကျပ် ၅ ထောင်ကို ဘင်္ဂါလီများ ဘင်္ဂါလီများမှ ယူဆောင် သွားခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ ဖြစ်စဉ်တွင် ပါဝင်သော အကြမ်းဖက် ရိုက်နှက်လုယက်သူ ဘင်္ဂါလီ လူမျိုး ၄ ဦးအား နယ်မြေခံ တပ်၊ ရဲနှင့် ရွာသူရွာ သားများက ပူးပေါင်းဖော် ထုတ်ရာ ဖေဖော်ဝရီလ ၈ ရက် ညနေ ၆ နာရီ ၃၀ မိနစ်တွင် ဆီသည်ရွာ အနီး၌ ဖမ်းဆီးရမိခဲ့ကြောင်းနှင့် လွတ်မြောက် တရားခံများနှင့် ဖမ်းဆီးရမိသူ ဘင်္ဂါလီ လူမျိုး ၄ ဦးကို အရေးယူနိုင်ရေး မြောင်းဘွေရဲစခန်း၌ ဆောင်ရွက် လျက် ရှိကြောင်း သတင်းရရှိသည်။

 
Myawady News

No comments:

Post a Comment