16 February, 2013

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီး ရာထူးမှ နုတ်ထွက်ခွင့်ပြု ...


ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော် သမ္မတရုံး
(အမိန့်အမှတ်၊ ၉/၂ဝ၁၃)
၁၃၇၄ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက်
(၂ဝ၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်)
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီး ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း။
ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေး ဝန်ကြီးဌာန ဝန်ကြီး ဦးတင်စိုးအား ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၆၃ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၃ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရသဖြင့် တိုင်းဒေသကြီးဝန်ကြီး ရာထူးမှ နုတ်ထွက်ခွင့် ပြုလိုက်သည်။

(ပုံ)သိန်းစိန်
နိုင်ငံတော် သမ္မတ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်။

No comments:

Post a Comment