31 August, 2012

ဒေါက်တာ ထွန်းအောင် နှင့် ပတ်သက် ပြီး FNG မှ ယခင် ဖော် ပြခဲ့ သည့် သတင်း ..



အယ်(လ)ကာယီဒါး အကြမ်းဖက် အဖွဲ့  နှင့် အဆက်အသွယ် ရှိ သည့် ကုလ
သမဂ္ဂ ၀န်ထမ်း ဒေါက်တာ ထွန်းအောင် နှင့် သူ ၏ သမီး ဒေါ်မြနန္ဓာတို့  စစ်တွေ နှင့်မောင် တော မြို့  များ တွင် အသီးသီး ဖမ်းဆီးရမိ ။
ဒေါက်တာ ထွန်းအောင်သည် မောင်တော မြို့  တွင် ရိုဟင်ဂျာများ အကြမ်း
ဖက်မှု စတင် နိုင်ရန် အတွက် သတင်း မှား များ ဖြန့် ချိ ပြီး စနစ် တကျ လှုံ့ 
ဆော် ခဲ့ သူ ဖြစ်သည်။ ဒေါက်တာ ထွန်းအောင်သည် တောင်ကုတ် မြို့  တွင်
မွတ်ဆလင် ၁၀ ဦး အသတ် ခံ ရမှု အတွက် ဆုတောင်း ပေးရန် အာဏာပိုင်များထံ မှ ခွင့် ပြု ချက် ရရှိ ထား ပြီ ဖြစ်သည် ဟု ပြောဆိုကာ
ရိုဟင်ဂျာ လူငယ် များ ကို စည်းရုံး ပြီး နောက် သွေးထိုး မြှောက် ပင့် ခဲ့သည်။
ဒေါက်တာ ထွန်းအောင် သည် ဘင်္ဂလားဒေရှ် နိုင်ငံ ထဲ သို့ ပြေးဝင်ခိုလှုံရန် စီစဉ်နေချိန် နှင့် ၎င်း ၏ သမီး သည် ရန်ကုန် မှ တစ်ဆင့် ပါကစ္စတန် သို့  အသီးသီးထွက် ပြေး ရန် စီစဉ် နေ ချိန် တွင် ဖမ်းဆီး ရမိ ခြင်းဖြစ်သည်။
အခြား သတင်း ရင်းမြစ် တစ်ခု တွင် ရန်ကုန် မြို့ ဉ် ပါ မငြိမ်မသက်မှု များ ဖြစ်ပေါ်လာရန် ဒေါ်မြနန္ဓာ က ဆက်လက် ကြိုးပမ်း နေစဉ် အတွင်းဖမ်းဆီး ရမိ ခြင်း ဖြစ်သည် ဟု သိရသည်။
ဒေါက်တာ ထွန်းအောင် ၏ သမီး ဒေါ် မြနန္ဒာ  ထံ တွင် အယ်(လ)ကာယီးဒါး အကြမ်းဖက် အဖွဲ့  နှင့် ဆက်သွယ်ထား သည့် မှတ် တမ်း များ နှင့် အိန္ဒယ ၊ ပါကစ္စတန် အခြေစိုက် လက်(ခ)ရှာကာ အီ တိုင်ဘာ အကြမ်းဖက် အဖွဲ့  နှင့် ဆက်သွယ် ထားသည့်အထောက်အထား များ ကို တွေ့ ရှိ ရသည်။
ဒေါက်တာ ထွန်းအောင် RSO ခေါ် ရိုဟင်ဂျာ စစ်သွေး ကြွ များ ၏ လှို့ ဝှက် စခန်း ရှိ ရာဘင်္ဂလာဒေရှ် နိုင်ငံ ကော့ဘဇား မြို့  တောင် ဘက် ရှိ ယူခိုင်း စစ်သွေးကြွ စခန်း သို့ ကြိမ်ဖန် များ စွာ သွား ရောက် ခဲ့ ဖူးသည်။
ဒေါက်တာ ထွန်းအောင် ၏ သမီး ဖြစ်သူ ဒေါ်မြနန္ဓာ မှာ မောင်တော မြို့ နယ် အခြေစိုက်ကုလ သမဂ္ဂ ဒုက္ခသည် များ ဆိုင်ရာ မဟာ မင်းကြီး ရုံး မှ အကြီးတန်း အရာ ရှိ တစ်ဦးဖြစ်သည်။
စနေ နေ့ က စစ်တွေ မြို့  တွင် လည်း နိုင်ငံ တကာ အကူအညီပေး ရေး ၀န်ထမ်း တစ်ဦး ၏ နေအိမ် မှ မောင်းပြန် သေနတ် နှစ်လက် အပါ အ၀င် ခဲယမ်းမီးကျောက် များကို သိမ်းဆည်း ရမိခဲ့သည်။
ယနေ့ နံနက် အစော ပိုင်း က မောင်တော မြို့ တွင် ရိုဟင်ဂျာ အကြမ်းဖက်သမား နှစ်ဦးထံမှ RPG ပခုံးထမ်း လောင်ချာ များ ကို သိမ်းဆည်း ရမိခဲ့သည်။
အယ်(လ) ကာယီးဒါး အကြမ်းဖက် အဖွဲ့  သည် နိုင်ငံ ကာ အကြမ်းဖက် ကွန်ယက် အဖွဲ့ အစည်း ဖြစ်ပြီး ၂၀၀၁ ခုနှစ် စက်တင်ဘာ လ ၁၁ ရက်နေ့  က အမေရိကန် နိုင်ငံ နယူးယောက် မြို့  ရှိ ကမ္ဘာ့ ကုန်သွယ် ရေး မျှော်စင် အဆောက်အဦ နှစ်ခု ကို တိုက်ခိုက်ခဲ့ရာ လူရာ ပေါင်းများ စွာသေဆုံး ခဲ့သည်။
အယ်(လ)ကာယီးဒါး အဖွဲ့  ခေါင်းဆောင် အိုစမာဘင်လာဒင် ကို အမေရိကန် အထူးတပ်ဖွဲ့ များ က ယမန် နှစ် မေလက ၎င်း ပုန်းအောင် နေရာ ပါကစ္စတန် အဘော်ဒါဘတ် မြို့ တွင် ဖမ်းဆီး သတ်ဖြတ် နိုင်ခဲ့ ပြီး နောက် အယ်(လ)ကာယီးဒါး အဖွဲ့  လည်း အင်အားချည့် နဲ့  ခဲ့သည်။


အခြေခံ ဥပဒေ ခုံရုံး ကို လွှတ်တော် က အရေးယူဖို့  ပြင်...


                                        
 ပြည်ထောင်စု လွှတ်တော် နဲ့  အမျိုးသား လွှတ်တော် က ဖွဲ့  စည်းထား တဲ့ လွှတ်တော် ရေးရာကော် မတီ တွေ ဟာ ပြည်ထောင်စု အဆင့် မဟုတ် ဘူး ဆို တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံးက ပြောကြား ခဲ့ တာ နဲ့  ပတ် သက် ပြီး လွှတ်တော် က စုံစမ်း စစ်ဆေး အရေး ယူ ဖို့  ကော်မတီ တစ် ရပ် ကို ဖွဲ့  ခဲ့ ပါတယ်။
ဒီအဖွဲ့ မှာ လွှတ်တော် ဒုတိယ ဥက္ကဌ ဦး နန္ဓ ကျော် စွာ က အဖွဲ့  ခေါင်းဆောင် အဖြစ် ပါဝင် ဆောင်ရွက် မှာ ဖြစ် ပြီး အဖွဲ့  ၀င် ၁၅ ဦး ပါဝင် တယ် လို့  အမျိုး သား ဒီမို ကရေစီ အဖွဲ့   ချုပ် က လွှတ်တော်
အမတ် တစဦး က FNG ကို ပြော ပါတယ်။
အဆိုပါ အဖွဲ့  တပ်မတော် သား ကိုယ်စားလှယ် အစု အဖွဲ့  မှ ပါဝင် မှု မရှိသေး ဟု သိရသည်။
အခြေခံ ဥပဒေ ခုံရုံး အဖွဲ့ ဥက္ကဌ ဦးသိန်းစိုး နှင့် အဖွဲ့  အား လွှတ် တော် မှ တောင်း ဆို ထား သော်လည်း ခုံးရုံး အဖွဲ့  ၀င် များ က နှုတ် ထွက် ပေး ခြင်း မရှိ ဟု သိရသည်။
အခြေခံ ဥပဒေ ခုံ ရုံး ၏ တာဝန် မဲ့ မှု နှင့် လုပ် ပိုင် ခွင့် အလွဲ သုံးစား ပြု မှု ကို လွှတ်တော် က စစ်ဆေးသွား မည် ဖြစ်သည်။
အမေရိကန် နိုင်ငံ တွင် လွှတ်တော် ရေး ရာ ကော်မတီ များ သည် အစိုးရ ၀န်ကြီး ဌာန များ ထက် ပင်ပို ၍ သြဇာ အာဏာ ရှိ ပြီး ဘဏ္ဍာငွေ ခွဲ ဝေ ပေး မှု နှင့် စုံစမ်း စစ်ဆေး မှု များ ကို အဓိက ထား ပြုလုပ် သည်။

ပြု ပြင် ပြောင်းလဲ မှု များ ကို အောက်ခြေထိ ဆက်လက် လုပ်ဆောင် မည်..



သမ္မတ ဦးသိန်းစိန် က ပြု ပြင် ပြောင်းလဲ မှု များ ကို အောက်ခြေထိ ဆက်လက် လုပ်ဆောင် မည် ဖြစ်ရာ ပြန်ကြား ရေး ၊ ပြည်ထဲရေး ၊ ဘဏ္ဍာရေး နှင့် အခွန် ၀န်ကြီး ဌာန မှ တိုင်ကြား မှု စာများ မြောက်များ စွာ ရရှိခဲ့ သည့် 
အရာရှိ များ အပြင် ၊ ရဲ ဌာန မှ ရဲမှုး၊ မြို့ နယ်မှုး များ ကို လည်း တာဝန် မှ အနား ပေး မည် ဟု သိရှိရသည်။ 

သမ၀ါယမ ၀န်ကြီး ဌာန သည် ဒီမိုကရေစီ စနစ် နှင့် လျှော်ညီမှု မရှိ ၍ 
လည်း ဖျက် သိမ်း သွား မည် ဟု သိရသည်။


အာရှ ဒေသ လွတ်လပ်တဲ့ ကုန်သွယ်ရေး...


အာရှ ဒေသ လွတ်လပ်တဲ့ ကုန်သွယ်ရေး ဧရိယာ တည်ထောင်ရေးကိစ္စ လာမယ့် နိုဝင်ဘာလမှာ စပြီး ညှိနှိုင်းကြဖို့ ၄၄ ကြိမ်မြောက် အာဆီယံ စီးပွားရေး ၀န်ကြီးများ အစည်းအဝေးမှာ သဘော တူခဲ့ကြပါတယ်။

                                              

ပြည်ပအခြေစိုက် နိုင်ငံရေးအင်အားစုအချို့ ရန်ကုန်ရောက်..


မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဥက္ကဌ ဟောင်း မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစုရဲ့ အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင် ၊ ဒေါက်တာသောင်းထွန်း နှင့် ညိုအုန်းမြင့်တို့ ယနေ့ နေ့လည် ၂နာရီအချိန်က TG လေကြောင်းလိုင်းဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကို စတင်ရောက်ရှိ လာပါသည်။

                                     

30 August, 2012

ယာမြေတွေသိမ်းခံရတဲ့တောင်သူတွေ ဆန္ဒပြပွဲ ....


လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းအတွက် ယာမြေတွေ အသိမ်းခံထားရတဲ့ တောင်သူတွေရဲ့ ဆန္ဒပြပွဲ ဒီရက်ပိုင်းတွင်း ဆက်တိုက်ပြုလုပ်နေပါတယ်။ ဒီအကြောင်း ဒေါ်ခင်မင်းဇော် သတင်းပေးပို့ထားပါတယ်၊ ရိုက်ကူး တင်မာဆွေ

                                         

ပလောင်(ခ)တအောင်း ပွဲတော်


၄၁ နှစ်မြောက် တအောင်းစာပေနဲ့ ယဉ်ကျေးမှုနေ့ကို ထိုင်း မြန်မာ နယ်စပ်ရောက် တအောင်းလူငယ် တွေ စုပေါင်း ကျင်းပတဲ့အကြောင်းကို ဒေါ်ခင်မင်းဇော် သတင်းပေးပို့ထားပါတယ်။

                                             

ကချင်နယ်မြေတိုက်ပွဲတွေ ပိုဖြစ်နေ..

ယနေ့ ၃၀-၈-၂၀၁၂ တွင်  ကချင်နယ်မြေတိုက်ပွဲတွေ ပိုဖြစ်နေ တိုက်ပွဲတွေ ဆက်ဖြစ်နေသည်ကို 

( မောင်တူး) ပေးပို့ထားသော video file အတိုင်း မော်ကွန်းသစ် မှပြန်လည်ဖော်ပြ ပေးလိုက်ပါတယ် ။

                                                             

ပုံမှန်ထက် ငါးဈေးတက် ..


ဧရာဝတီတိုင်းက ရေချို ငါးမွေးကန်တွေ မိုးများပြီး ရေလျှံမှုတွေ ရှိနေတာကြောင့် ရန်ကုန် ဗဟို စံပြငါးဈေးမှာကန်ငါး တွေ အဝင်နဲပြီး ဈေးနှုန်းကလည်း ပုံမှန် ဈေးထက် မြင့်နေပါတယ်။

                                       

တရားမ၀င်ခိုးကူးခွေနှိမ်နင်းတော့မယ် ..


တရားမ၀င်ခိုးကူးခွေအန္တရာယ်ကို တနိုင်ငံလုံးအနေနဲ့ ဆောင်ရွက်နိုင်ဖို့  အစိုးရအဖွဲ့ အစည်းတွေ အနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးကပြော ဆိုလိုက်ပါတယ် ။ ကိုသက် ရိုက်ကူးစိုးထိုက်

                                       

အသက် ၁၄ နှစ်အရွယ် အိမ်အကူ အမျိုးသမီးငယ်ကိုအိမ်ရှင်က ရိုက်နှက်နှိပ်စက်...


မန္တလေးမြို့မှာ အသက် ၁၄ နှစ်အရွယ် အိမ်အကူ အမျိုးသမီးငယ်တစ်ဦးကို အိမ်ရှင်က ရိုက်နှက်နှိပ်စက် ခဲ့တဲ့ အမူ့ ဖြစ်ပွားခဲ့ပြီး အိမ်ရှင်ကို တရား ရုံးမှာ တရားစွဲ ဆိုထားပါတယ်။ ဒီအကြောင်း ဦးအံ့ဘုန်းမြတ် သတင်းပေးပို့ချက်မှာ တွေ့မြင်ကြရမှာပါ။ ရိုက်ကူး - ကျော်ဇင်ဝင်း (စူပါ) 

                                        

ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာ၁၈ရက်နေ့အမေရိကားသွားမည် ..


ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာ၁၈ရက်နေ့အမေရိကားသွားမည်။

အမေရိကန်ကွန်ကရက်မှပေးအပ်မည့် အမြင့်ဆုံးဆုတခုဖြစ်တဲ့ Congressional Gold Medal ဆုလက်ခံဖို့အတွက် စက်တင် ၁၈ရက်နေ့တွင် အမေရိကန်နိုင်ငံသို့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သွားရောက်မည်ဖြစ်သည်
။ ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ခရီးစဉ်အတွင်း အမေရိကန်သမ္မတအပါအဝင် အမေရိကန်ပြည်ထောင်စု၏ အစိုးရအဖွဲ့ဝင်များ၊လွှတ်တော်တာဝန်ရှိသူများအပြင် အမေရိကန်အတိုက်အခံပါတီခေါင်းဆောင်များဖြင့်တွေ့ဆုံမည်ဖြစ်ကြောင်းသတင်းရရှိသည်။
ခရီးစဉ်အတွင်း ဖို့ဝိန်း၊အယ်အေ၊ဆန်ဖရန်စ္စကို မြို့များသို့လည်းသွားရောက်ပြီး အမေရိကားအခြေချ မြန်မာလူမျိုးများနှင့်လည်းတွေ့ဆုံဖို့စီစဉ်ထားမှုရှိသော်လည်း ခရီးစဉ်နီးကပ်သောအချိန်တွင်မှ တိကျစွာပြောနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အမှိုက်ကားဖြင့် စွန့်ပစ်ခြင်းခံရတဲ့ ကလေးများကိစ္စ တိုင်ကြားခြင်း



အမှိုက်ကားဖြင့် စွန့်ပစ်စော်ကားခြင်းခံရသောကလေးများ၏ ကလေးသူငယ် အခွင့်အရေးများ နစ်နာခြင်းအတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီသို့ စာတင် 

ကလေးတွေဟာ ကျနော်တို့နိုင်ငံရဲ့ အနာဂတ်၊ ကျနော်တို့ ကမ္ဘာရဲ့ အနာဂတ်တွေပါ။ တောင်းရမ်းစားသောက်နေတဲ့ ကလေးတွေ၊ လေလွင့်နေတဲ့ကလေးတွေ တိုင်းပြည်မှာမရှိအောင်တဲ့လုပ်တဲ့ စီမံချက်ကိုလက်ခံပါတယ်၊ လုပ်တဲ့အခါမှာ နည်းမှန်လမ်းမှန် လုပ်ထုံးလုပ်နည်းနဲ့ လုပ်ဖို့တော့လိုအပ်ပါတယ်၊ ခုလို အမှိုက်ကားထဲကို အမှိုက်လိုသဘောထားပြီး တန်းဖိုးမထားဘဲ စွန့်ပစ်စော်ကားတာကတော့ လုံးဝလက်မခံနိုင်ပါဘူး။ ကျနော်တို့ မြန်မာနိုင်ငံအနာဂတ်ကို အမှိုက်ကားထဲစွန့်ပစ်စော်ကားတာနဲ့ အတူတူပါပဲ။ လုပ်တဲ့အခါမှာ နိုင်ငံတာကာကလေးသူငယ်ဥပဒေတွေ၊ ပြည်တွင်းက ကလေးသူငယ်ဥပဒေတွေ၊ နည်းဥပဒေတွေလုပ်ထုံးလုပ်နည်းတွေနဲ့ နည်းမှန်လမ်းမှန်လုပ်ဖို့ လိုအပ်ပါတယ်။ 

သူတို့အတွက်ပြန်လည်ထူထောင်ရေးတွေ လိုအပ်ပါတယ်။ ကလေးတွေ၊ ကလေးမိဘတွေရဲ့ဘ၀ရပ်တည်မှုအတွက် ပြန်လည်ထူထောင်ဖို့ အသက်မွေးဝမ်းကျောင်းပညာတွေ လိုအပ်ပါတယ်။ လုပ်တဲ့အခါမှာ အစိုးရရယ်၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ NGO တွေ နိုင်ငံသူ/နိုင်ငံသားတွေအားလုံးက နည်းမှန်လမ်းမှန် ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ 

ကလေးတွေအမှိုက်ကားဖြင့် စွန့်ပစ်စော်ကားခြင်းခံရတဲ့ ကလေးတွေရဲ့ အနာဂတ်၊ ကလေးသူငယ်အခွင့်အရေးများ နစ်နာမှုအတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီကို တင်ပြရခြင်း ဖြစ်တယ်။ 

ဇော်ထွန်း 
(HRDP) လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများ ကွန်ယက်
(ပြည်ဒေသ)

(တိုင်ကြားထားတဲ့ စာကို ဓါတ်ပုံအယ်လ်ဘန်မှာ ကြည့်ရှုနိုင်ပါတယ်)

စာရင်းစစ်ချုပ် ပြုတ်ရခြင်းအကြောင်း


အသေဝနာစ ဗာလနံ
The Voice Weekly  

29 August, 2012

မန္တလေးက အင်း တွေ ...

မန္တလေးတိုင်း စဥ့်ကူးမြို့နယ် ဆည်သည်ကျေးရွာအုပ်စု မှာ အင်းလေလံရထားတဲ့သူနဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ တို့ အကြား အင်းကိစနဲ့ ပက်သက်ပီး မကြေလည်မှုတွေ ဖြစ်ပွားနေတာကို ဖြေရှင်း အကူအညီပေးဖို့ ၈၈ ကျောင်းသား ရဲဘော်ဟောင်းများ အဖွဲ့ က သွားရောက်စုံစမ်းခဲ့ပါတယ်။

                                              

သံလျင်ခဲမဖြူစက်ရုံ၏ အဖြစ်မှန်ဖော်ထုတ်ပေးရန် သမ္မတ ထံ သနားခံစာ ...


သံလျင်ရှိ ခဲမဖြူ သန့်စင်စက်ရုံက နိုင်ငံပိုင် ခဲမဖြူတွေ ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး အမှန်အတိုင်း ဖေါ်ထုတ် ပေးပါရန် ဖမ်းဆီးခံထားရတဲ့ စက်ရုံမှုးဟောင်းရဲ့ သမီးက သမ္မတဦးသိန်းစိန်ထံကို အသနားခံစာတင်သွင်းထားပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ဒေါ်ခင်မင်းဇော်က သတင်းပေးပို့ထားပါတယ်၊ ။

                                        

ဧရာဝတီတိုင်းရေကြီးမှု့ စုစည်းတင်ပြခြင်း ..


ဧရာဝတီ တိုင်းအတွင်း ရေဘေးသင့် ပြည်သူတွေ အခက်ခဲတွေနဲ့ တွေကြုံ ရင်ဆိုင်နေရတဲ့ အခြေအနေကို ကိုသက် စုစည်း တင်ပြထားပါတယ်။ ကိုသက်

                                           

Blacklistများ မြန်မာပြည်ပြန်လျှင်ဝန်ခံဂတိချုပ်ကို သံရုံးမှာဒီလိုထိုး..



ပြည်ပမှာနိုင်ငံရေးခိုလှုံခွင့်ရထားသူများ Blacklistများ မြန်မာပြည်ပြန်ချင်လို့ ရှိရင် ၀န်ခံဂတိချုပ်ကို သံရုံးမှာဒီလိုထိုးရပါတယ်တဲ့..
သဘောကတော့နိုင်ငံတော်ကသဘောထားကြီးစွာ ဆောင်ရွတ်ပေးနေတာကို ပြန်လည်ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ခံဝန်ချုပ်ကိုထိုးပေးရမယ်ဆိုတော့ လက်ရှိ အစိုးရဟာ အရင် စစ်အစိုးရနဲ့အတူတူဘဲ မပြောင်းလဲဘူးဆိုတဲ့အဓိပ္ပါယ်လား?

ပြည်ပကလူတွေဟာအရင်စစ်အစိုးရလက်ထက်ကတည်းက ပြည်တွင်းကနေစွန့်ခွာလာခဲ့ကြတာ ..အခု ဒီမိုကရေစီကိုလုပ်နေပါတယ်လို့ပြောနေတဲ့ လက်ရှိ ဦးသိန်းစိန်အစိုးရက ပြန်လည်ကျေးဇူးတုန့်ပြန်တဲ့အနေနဲ့ ခံဝန်လတ်မှတ်ထိုးခိုင်းတယ်ဆိုတော့...

ကိုနဝင်းယတြယာ ( ၉ )ဂဏန်း



ကိုနဝင်းယတြယာ ( ၉ )ဂဏန်း ချေတတ်သော မြန်မာ့အစိုးရအဆက်အဆက်ကျင့်သုံးမှု မပြောင်းလဲသေးပါကြောင်း။

အစိုးရအဖွဲ့အတွင်း ကြီးမားသော အပြောင်းအလဲများနှင့် ကိုးဂဏန်း
ရန်ကုန်၊သြဂုတ်-၂၇
ပြည်ထောင်စုဝန်ကြီးကိုးဦးအား ပြောင်းလဲတာဝန်ပေးအပ်ကြောင်းနှင့် ဒုတိယ
ဝန်ကြီး ၁၅ ဦးကို ခန့်အပ်တာဝန်ပေးအပ်ကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်လက်မှတ်ရေးထိုးပြီး နိုင်ငံတော်သမ္မတရုံးက သြဂုတ် ၂၇ ရက်၊ ၁၈ နာရီ (ညနေ ၆ နာရီ) ၄၅ မိနစ်အချိန်တွင် ထုတ်ပြန်ကြေညာလိုက်သည်။
ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲခြင်းနှင့်ဒုတိယ၀န်ကြီးများခန့်အပ်တာဝန်ပေးအပ်ခြင်းကို နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်က ထုတ်ပြန်ကြေညာရာတွင် နေ့ရက်နှင့် အချိန်တို့မှာ တိုက်ဆိုင်စွာ ကိုးဂဏန်းသုံးခု (သြဂုတ် ၂၇ ရက်၊ ၁၈ နာရီ၊ ၄၅ မိနစ်) ဖြစ်နေသည်ကို တွေ့ရသည်။
( 7Day News Journal )

ပြည်တွင်းပြန်လည်ဝင်ရောက်ခဲ့သောရှေ့နေတဦး ယနေ့ထောင်ဒါဏ်ချ ..


သမ္မတကြီးဖိတ်ခေါ်ချက်ကြောင့် ပြည်တွင်းပြန်လည်ဝင်ရောက်ခဲ့သောရှေ့နေတဦး ယနေ့ထောင်ဒါဏ်ချမှတ်ခံရ။
၂၀၀၈ခုနှစ်အတွင်းက နိုင်ငံရေးမှုဖြင့်ဖမ်းဆီးရသူတွေရဲ့အမှုကို လိုက်ပါကူညီဆောင်ရွက်ပေးခဲ့တဲ့ ရှေ့နေစောကျော်ကျော်မင်းသည် ရှေ့နေကိုညီညီထွေးနှင့်အတူ NLD ပါတီအဖွဲ့ဝင် ကိုသန့်ဇင်ဦးနှင့် (၁၁)ဦး၏အမှုအား ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် တရားရုံးမှာ အမှုလိုက်ပါဆောင်ရွက်စဉ်အတွင်း တရားခံစွပ်စွဲခံရသူများမှ တရားရုံးအား ကျောပေးထိုင်ခဲ့ခြင်းကို တရားသူကြီးမှ ရှေ့နေဖြစ်သူ၂ဦးအား တရားခံများ ရှေ့ဘက်သို့လှည့်ထိုင်ရန် ပြောကြားခဲ့သည်။ ထိုသို့တရားသူကြီးပြောကြားချက်သည် "တရားခံတွေ၊ စွပ်စွဲခံရသူတွေရဲ့ ညွှန်ကြားချက်နဲ့အညီ လိုက်ပါဆောင်ရွက်ရတာဖြစ်
တယ်။ အဲဒီအတွက် စွပ်စွဲခံရသူတွေကိုယ်တိုင် ပြုမူဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး
ကျနော်တို့အနေနဲ့ ဘာမှ ၀င်ရောက်စွက်ဖက် ပြောဆိုလိုခြင်း မရှိဘူး" ဟု စောကျော်ကျော်မင်းနှင့် ညီညီထွေးတို့မှ ပြန်လည်ပြောကြားခဲ့သည့်အတွက် လှိုင်သာယာမြို့နယ်တရားသူကြီးက ရှေ့နေ ၂ဦးအား တရားရုံးမထေ့မဲ့မြင်ပြုမှုဖြင့်တရားစွဲခဲ့ခြင်းဖြစ်သည်။
တရားရုံးမှ ထိုအမှုအတွက် တရားရုံးမှ ထောင်ဒါဏ် ၆ လချမှတ်ခဲ့သော်လည်း ရှေ့နေစောကျော်ကျော်မင်းသည် ပြစ်ဒါဏ်ကိုရှောင်တိမ်းပြီး ထိုင်းနယ်စပ်သို့ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ ၂၀၁၂ ခုနှစ် တွင် သမ္မတဖိတ်ခေါ်ချက်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရာမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခဲ့ပြီးနောက် ထိုအမှုဖြင့်တရားစွဲဆိုကာယနေ့ သြဂုတ်လ ၂၉ရက်နေ့တွင် တရားရုံးမှ ထောင်ဒါဏ် ၆လ ပြစ်ဒါဏ်ချမှတ်ပြီး အင်းစိန်ထောင်သို့ ပို့ဆောင်လိုက်ကြောင်းသတင်းရရှိသည်။

အင်္ဂါဂြိုလ် ပေါ် Up-date ဓါတ်ပုံ


ကမ္ဘာမြေမှ မိုင်ပေါင်း ၃၅၂ သန်း ဝေးကွာတဲ့ အင်္ဂါဂြိုလ် ပေါ်သို့ရောက်ရှိဖို့အတွက် ၈ လ နဲ့ ၁၁ ရက်ကြာ ပျံသန်းခဲ့ပြီး အောင်မြင်စွာဆင်းသက်နိုင်ခဲ့တဲ့ Curiosity စူးစမ်းလေ့လာရေး ယာဉ်ဟာ
စတင်ရောက်ရှိခဲ့စဉ်က အဖြူအမည်း ဓါတ်ပုံတွေကိုသာ ပေးပို့နိုင်ခဲ့ပေမယ့် ယခုအခါ မှာတော့ ရောင်စုံဓါတ်ပုံတွေကို ပြန်လည်ပို့ဆောင်ပေးနေပါပြီ..။ ကွန်ပြူတာစနစ်များစွာ နဲ့ ထိန်းချုပ်ထားတဲ့ Curiosity ယာဉ်မှာပါဝင်တဲ့ လေဆာကင်မရာများဟာ အရည်အသွေးကောင်းမွန် တဲ့ ရုပ်ပုံတွေကိုရိုက်ကူးနိုင်ဖို့ အထောက်အပံ့ပေးနိုင်တဲ့အပြင် ကျောက်တုံးတွေကို လည်း ဖောက်ထွင်းရိုက်ယူနိုင်တဲ့အထိ အစွမ်းတွေရှိပါတယ်..။
                                                  
၂ နှစ် ၀န်းကျင်ခန့် ကြာမြင့်နိုင်တဲ့ Curiosity ရဲ့စူးစမ်းလေ့လာရေးခရီးစဉ်အတွက် စွမ်းအင်ထောက်ပံ့ပေးရာမှာ အဏုမြူစွမ်းအင်ရဲ့ အရေးပါမှု ဟာများစွာအရေးကြီးတဲ့နေရာက ပါဝင်တယ်လို့ သိရပါတယ်....။ 

                                                     

ကာတွန်း


မိုးလေ၀သသတင်း ..


နေ့စဉ်မိုးလေ၀သသတင်း

(၂၀၁၂ ခုနှစ်၊ သြဂုတ်လ(၂၉)ရက်နေ့ နံနက်(၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင်မုတ်သုံလေ

အားကောင်းနေပြီး၊ကျန်ဘင်္ဂလားပင်လယ်အော်တွင်မုတ်သုံလေအားအသင့်အတင့် ရှိနေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီးတို့တွင်

နေရာကွက်ကျား၊ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်တို့တွင်နေရာကျဲကျဲ၊စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊

ပဲခူးတိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နှင့်ကရင်ပြည်နယ်တို့တွင်

နေရာစိပ်စိပ်နှင့်ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊တနင်္သာရီတိုင်းဒေသကြီး

နှင့်မွန်ပြည်နယ်တို့တွင်နေရာကွက်၍မိုးကြီးနိုင်ပါသည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။မြစ်ဝကျွန်းပေါ်၊မုတ္တမကွေ့၊မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်

တို့တွင်တစ်ခါတစ်ရံမိုးသက်လေပြင်များကျရောက်ပြီးလှိုင်းအသင့်အတင့်မှလှိုင်းကြီးနိုင်ပါသည်။မိုးသက်လေပြင်း

ကျစဉ်ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင်(၃၅)မိုင်အထိတိုက်ခတ်နိုင်ပါသည်။ကျန်မြန်မာ့ပင်လယ်ပြင်တွင်

လှိုင်းအသင့်အတင့်ရှိမည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။မုတ်သုံလေအားအသင့်အတင့်မှအားကောင်းနေမည်။

နေပြည်တော်နှင့် အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိခန့်မှန်းချက်။နေရာကွက်ကျား မိုးထစ်ချုန်း

ရွာမည်။ ရွာရန်ရာနှုန်း ပြည့်ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိခန့်မှန်းချက်။မိုးတစ်ကြိမ်၊နှစ်ကြိမ်ထစ်ချုန်း

ရွာမည်။ရွာရန်ရာနှုန်း ပြည့်ဖြစ်ပါသည်။

မန္တလေးမြို့နှင့် အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိခန့်မှန်းချက်။နေရာကွက်ကျား မိုးထစ်ချုန်း

ရွာမည်။ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါသည်။

ရှုခင်းသာ လမ်းမကြီး ပေါ်တွင် ယာဉ်တိုက်မှု ဖြစ်ပွား။


ယနေ့ မွန်းလွှဲ ၁၁ နာရီခန့်က သံဃာ ကိုးပါးနှင့် လူလေးဦး လိုက်ပါလာသော Light Truck ယာဉ်သည် သာကေတ မြို့ နယ်မှ ယုဇန ဥယာဉ်မြို့ တော် အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းသို့ အသွား သန်လျင်တံတားအနီး ရှုခင်းသာလမ်းမကြီးပေါ်တွင် တစ်ဘက် ယာဉ်ကြောမှ မောင်းနှင်လာသော ကွန်တိန်နာယာဉ်အား မျက်နှာချင်းဆိုင် တိုက်မိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် သံဃာလေးပါးနှင့် လူနှစ်ဦး ထိခိုက် ဒါဏ်ရာရရှိခဲ့ပြီး ရန်ကုန် ပြည်သူ့ ဆေးရုံ ကြီးသို့ ပို့ဆောင်ထားကြောင်း သံဃာလေးပါးမှာ ယာဉ်တိုက်မှု ဖြစ်ပွားပြီး ဆေးရုံပို့ဆောင်သည်အထိ သတိပြန်လည် ရရှိခြင်း မရှိသေးကြောင်း ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးနေသည့် မီးသတ်တပ်ဖွဲ့ဝင် များထံက သိရသည်။
 

ရေကြီးတာ ၁ လ ကြာပြီ ..


ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့မှာ မိုးရွာပြီး ရေကြီးနေတာ အခုဆို တလနီးပါးကြာမြင့်နေပြီး ဖြစ်ပါတယ်။ နေရီရီက သတင်းပေးပို့ထားပါတယ်။
                                          

စက်တပ်ယာဉ် လုပ်သားတွေအလုပ်သမဂ္ဂဖွဲ့ဖို့ ပြင်ဆင်နေ ..

ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တို ကူးတို့ဆိပ်က စက်တပ်ယာဉ် လုပ်သားတွေဟာ အလုပ်သမဂ္ဂဖွဲ့ဖို့ ပြင်ဆင်နေကြပြီဖြစ်ပါတယ်။
ဒေါ်နေရီရီက သတင်းပေးပို့ထားပါတယ်။ 



                                            
                                             

28 August, 2012

ပြည်ထောင်စုဝန်ကြီးများ ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း ..


ပြည်ထောင်စုဝန်ကြီးများ ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
( အမိန့်အမှတ်၊ ၂၃ / ၂၀၁၂ )
၁၃၇၄ ခုနှစ်၊ ဝါခေါင်လဆန်း ၁၁ ရက်
(၂၀၁၂ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်)

ပြည်ထောင်စုဝန်ကြီးများ ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၅၊ ပုဒ်မခွဲ (ခ)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၆၈၊ ပုဒ်မခွဲ(က) တို့အရ အောက်ဖော်ပြပါ ပြည်ထောင်စုဝန်ကြီး များအား ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်သည်-

(၁)ဦးခင်မောင်မြင့်
ဆောက်လုပ်ရေးဝန်ကြီးဌာန

(၂)ဦးဇော်မင်း
အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန


(ပုံ) သိန်းစိန်
နိုင်ငံတော် သမ္မတ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်

နာရေးကူညီမှုအသင်း(ရန်ကုန်) Website ဖွင့်ပြီ ...

၂၇.၈.၂ဝ၁၂ ရက်နေ့ နေ့လည်ပိုင်း၌ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အသင်းပိုင်ဝက်ဘ်ဆိုဒ်အား စတင်လွှင့်တင်ခြင်းနှင့် စာနယ်ဇင်း မိတ်ဆက်ခြင်း အခမ်းအနားအား နာရေး ကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ ယင်းဝက်ဘ်ဆိုဒ်အား Tun new technology co.,ltd. (TNT) မှ နာရေး ကူညီမှုအသင်း (ရန်ကုန်) အတွက် ဝက်ဘ်ဆိုဒ် ရေးဆွဲ လှူဒါန်း ခဲ့ခြင်းဖြစ်သည်။
အခမ်းအနားတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်မှ နာရေး ကူညီမှုအသင်း(ရန်ကုန်)သည် Website မရှိသည်မှာ မိမိတို့၏ အားနည်းချက်ဖြစ်ကြောင်း၊ အသင်း သည် (၁၂) နှစ် တာကာလ ရောက်ရှိသော်လည်း ကိုယ်ပိုင်ဝက်ဘ်ဆိုဒ် မရှိခဲ့ချေ။ နာဂစ်မုန်တိုင်း အချိန်ကာလ၌ နာဂစ်ကယ်ဆယ်ရေးနှင့် ပတ်သက်ပြီး အများပြည်သူတို့အား မည်သည့်နေရာဒေသများသို့ သွားရောက်၍ လှူဒါန်းမှု များ ပြုလုပ်နေ ကြောင်းနှင့် လိုအပ်သည့် လှူဒါန်းဖွယ်ပစ္စည်းများတို့အား အလှူရှင်များ လှူဒါန်းနိုင်ရန်နှင့် ပွင့်ပွင့်လင်းလင်း ချပြနိုင်ရန်အတွက် Website လုပ်ခဲ့၍ ကြိုးစားခဲ့ကြောင်း၊ နောက်ပိုင်း၌ Update မလုပ်နိုင် ခဲ့ခြင်းကြောင့် ရပ်ဆိုင်းခဲ့ ရပြီး နောက်တစ်ခါ ထပ်ကြိုးစားကြောင်း၊ ယခုအချိန်သည် စတုတ္ထအကြိမ်မြောက် ကြိုးစားခဲ့ခြင်း ဖြစ်ပြီး မိမိတို့ အသင်းအတွက် အရမ်း လိုအပ်နေ သည့် အရာ တစ်ခုဖြစ်ကြောင်း ပြော ကြား ခဲ့ပြီး အလှူရှင်များ လှူဒါန်းထားသည့် အလှူငွေများနှင့် ပစ္စည်းများအား မိမိတို့ မည်သို့ပြန်လည်၍ လှူဒါန်းခြင်း၊ အသုံးချခြင်းများကို တင်ပြရန် အရေးကြီးပါကြောင်းနှင့် အသင်းအတွက် လိုအပ် လျှက်ရှိသော Website ကို လှူဒါန်းပေးခဲ့သော TNT ကုမ္ပဏီအားလည်း အထူးကျေးဇူး တင်ရှိကြောင်း ပြောကြားသွားခဲ့ပါသည်။
  ဆက်လက်၍ TNT ကုမ္ပဏီမှ MD ကိုထွန်းထွန်းမှ အသင်း၏ ဝက်ဘ်ဆိုဒ်အား ရေးဆွဲလှူဒါန်းခြင်းနှင့်ပါတ်သက်၍ မိမိတို့ TNT ကုမ္ပဏီ၏ (၁) နှစ်ပြည့် အထိမ်းအမှတ် အဖြစ် နာရေး ကူညီမှုအသင်း(ရန်ကုန်) တွင်လည်း Website မရှိသေးသည်အတွက် (၁) နှစ်ပြည့် အခမ်းအနားနှင့် တိုက်ဆိုင် ခြင်းကြောင့် ဝက်ဘ်ဆိုဒ် ပုံစံအကြမ်း ပြသ ပေးခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကိုကျော်ဟိန်း၊ ကိုဖြိုးကိုကို တို့မှလည်း အစစ အရာရာ ကူညီ ပေးသည့်အတွက်ကြောင့် ယခုကဲ့သို့ အထမြောက် သွားကြောင်းနှင့် ၄င်းတို့အားလည်း ကျေးဇူးတင်ပါကြောင်း၊ ဝက်ဘ်ဆိုဒ်စတင်ပြီဆိုပါက အမြဲတမ်း Up to date ဖြစ်ရမည်ဖြစ်ကြောင်း၊ ဝက်ဘ်ဆိုဒ်သို့ ဝင်ရောက်ကြည့်ရှုကြပြီး နောက်ဆုံးဖြစ်ပျက်နေသည့် သတင်းများ ဖတ်ရှုလိုချင်ကြပြီး အလှူရှင်များသည် လည်း မိမိတို့လှူဒါန်းလိုက်သည့် အလှူငွေများအား နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး (ရေဘေး၊ မီးဘေး . . . )၊ အရေးပေါ် ကယ်ဆယ်ရေး အစရှိသည့် ကိစ္စရပ်များအား အသုံးပြု၍ လှူဒါန်းမှု များအား သိရှိနိုင်စေရန်အတွက် ဝက်ဘ်ဆိုဒ်တွင် လိုအပ်သည့် အချက်အလက်များအား ကဏ္ဍအသီးသီး ဖြင့် အသေး စိတ်ဖော်ပြပေးထား ကြောင်း၊ မကြာမီကာလအတွင်း အင်္ဂလိပ် ဘာသာဖြင့် နာရေးကူညီမှု အသင်း(ရန်ကုန်) ဝက်ဘ်ဆိုဒ်အား တင်ပြတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့ကာ အသင်း ဝက်ဘ်ဆိုဒ် လိပ်စာနှင့် အသုံးပြုပုံ အဆင့်ဆင့်ကို ပရိုဂျက်တာဖြင့် ကြွရောက်လာကြသော စာနယ်ဇင်း သမားများ၊ နာရေးကူညီမှု အသင်း (ရန်ကုန်) ဥက္ကဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်၊ အုပ်ချုပ်ရေး မှူး ဒေါ် ဧရာမောင် မောင်နှင့် အသင်း သား/ သူများတို့အား မိတ်ဆက်ပြသပေး ခဲ့ပြီး မီဒီယာများ၏ မေးမြန်းချက်များအား ပြန်လည်ဖြေကြားခဲ့ပြီး အောင်မြင်စွာရုပ်သိမ်းခဲ့သည်။
   ထို့ကြောင့် နာရေး ကူညီမှုအသင်း (ရန်ကုန်)၏ အများပြည်သူ တို့အပေါ် ပေးဆပ်ကူညီဖေးမမှု ကုသိုလ်ရေးလုပ်ငန်းများသည် မြန်မာနိုင်ငံ တစ်ခုတည်းတွင်သာမက ကမ္ဘာ့နိုင်ငံအသီးသီး တို့မှ ဝက်ဘ်ဆိုဒ်ပေါ်၌ Up to date ပေးဆပ်မှု များအား ကြည့်ရှု့နိုင်တော့ မည်ဖြစ်ပါသည်။ ကြည့်ရှု့လိုသူများအနေဖြင့် မိမိတို့၏ ကွန်ပြူတာပေါ်တွင် http://www.ffssyangon.org ဟူ၍ ရိုက်လိုက်ရုံဖြင့် ကျွန်တော်တို့ F.F.S.S(Ygn) နာရေး ကူညီမှု အသင်း (ရန်ကုန်) သို့ အချိန် မရွေးရောက်ရှိ နိုင်တော့ မည်ဖြစ်သည်။

 အင်တာနက် (Internet) ကို လွတ်လပ်စွာ အသုံးပြုစေခြင်းသည် လူ့အခွင့်အရေး၊ နိုင်ငံသားလွတ်လပ်ခွင့်များ၊ လွတ်လပ်ပြီး ဒီမိုကရေစီ ဆန်သော လူ့ဘောင်ကို အပြည့်အဝ ခံစားနိုင်ရန် မရှိမဖြစ်လိုအပ်သည်။” 

လွှတ်တော် အဆိုတင်သွင်း ..


သြဂုတ်လ (၂၈) ရက်နေ့ အမျိုးသားလွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးကို စွပ်စွဲပြစ်တင်တဲ့ အဆိုကို တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် (၆) ဦးအပါအ၀င် လွှတ်တော် ကိုယ်စားလှယ် (၁၆) ဦးက ဆွေးနွေးပြီး အဆုံးဖြတ် ရယူဖို့ရှိနေပါတယ်။ ဒါအပြင် ဖွံ့ဖြိုးမှုနှေးကွေးနေတဲ့ ရန်ကုန်မြို့ကို နိုင်ငံတကာ အဆင့်မီ စီးပွားရေး မြို့တော် အဖြစ် အမြန်ဆုံး အဆင့်မြှင့်တင်နိုင်ရေးအတွက် မြို့တော်စည်ပင်သာယာရေး ကော်မတီကို ရန်ကုန်တိုင်း အစိုးရအဖွဲ့ လက်အောက်မှာ ထားပြီး စည်ပင်ဥပဒေနဲ့အညီ စည်ပင်ပိုင်ရံပုံငွေ
သုံးစွဲခွင့်ပြုရေး တိုက်တွန်းကြောင်း အဆိုကို စတင် တင်သွင်းနေပါပြီ။


စိုက်ပျိုးချေးငွေ ပြန်ဆပ်ဖို့ အခက်ခဲရှိ ...

ရေကြီး ရေလျှံ မှုကြောင့် ရန်ကုန်တိုင်း ဒဂုံမြို့သစ်အရှေ့ပိုင်းက ကျေးရွာတွေရဲ့ စပါးခင်းတွေ ရေမြုပ် ပျက်စီးခြဲ့ပီး နှောင်နစ်မှာ စိုက်ပျိုးချေးငွေ တွေ ပြန်ဆပ်နိုင်ဖို့ အခက်အခဲ ရှိနေတယ်လို့ လယ်သမားတွေက ပြောပါတယ်။
                                                  
                                               

                                            

ဆင် နှင့် ဖျံ လဲလှယ်မည် ...


မြန်မာ့သစ်လုပ်ငန်းမှ ဆင်နှစ်ကောင်နှင့် တရုတ်နိုင်ငံမှပင်လယ် ဖျံနှစ်စုံတို့ကို နှစ်နိုင်ငံချစ်ကြည်ရေး အရ လဲလှယ်သွားမည်ဖြစ်ကြောင်း ထူး (Zoo & Gardens Business Unit) မှ သိရသည်။

အဆိုပါပင်လယ်ဖျံ(Sea Lion) နှစ်စုံကို နေပြည်တော်တိရစ္ဆာန် ဥယျာဉ်တွင် ပြသသွားမည်ဖြစ်ပြီး ယင်းအားထားရှိရန် အတွက် အဆောက်အအုံများ ဆောက်လုပ်ပြီးဖြစ်ကြောင်း သိရသည်။

“ဒီပင်လယ်ဖျံတွေကို အရင် သစ်တောဦးစီးဌာနလက်အောက်မှာ ရှိစဉ်ကတည်းက လဲလှယ်ဖို့စီစဉ် ထားတာပါ။ ပင်လယ်ဖျံ ပြသဖို့ ကိုလည်း နည်းစနစ်ပိုင်းတွေကိုအကုန် ပြင်ဆင်ထားပြီးသားပါ။ 

သူတို့ကို ဘောလုံးပစ်ပြီး ကစားတာတို့၊ ရေပေါ်မှာ ကျွမ်းထိုးတာတို့ စတဲ့ ပြကွက်တွေကို ဟိုမှာလေ့ကျင့်ထားပြီးသား ဖြစ်ပေမယ့် ဒီကိုရွှေ့ပြောင်းလာပြီဆိုရင် ဒီကနေရာ အနေအထားအရ နည်းနည်းတော့ ပြန်လေ့ကျင့်ပေးရမယ်။ သူတို့ကိုစောင့်ရှောက်မယ့် ဆရာဝန်တွေကိုလည်း တရုတ်ပြည်ကိုလွှတ်ပြီး အနီးကပ်လေ့လာမှုတွေ လုပ်ထားပါတယ်” ဟု ထူး(Zoo & Gardens Business Unit) မှ အမူဆောင် ဒါရိုက်တာဦးဝေမျိုးအောင်က ပြောပါသည်။

အဆိုပါ ပင်လယ်ဖျံသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး အကြိမ် ရောက်ရှိလာသော မျိုးစိတ်သစ် ဖြစ်ပြီး လာမည့်ပွင့်လင်းရာသီတွင် စတင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်တိရစ္ဆာန် ဥယျာဉ်၌ ဆင်ရှစ်ကောင်၊ ကျား ၁၁ ကောင်၊ ခြင်္သေ့ သုံးကောင်၊ ကျားသစ် တစ်ကောင်၊ သစ်ကုလားအုတ် တစ်ကောင် တစ်ကောင်၊ ချင်ပန်ဇီမျောက်ဝံ တစ်ကောင်၊ ဟိမ၀န္တာဝက်ဝံ အကောင် ၂၀ စသဖြင့် နို့တိုက်သတ္တ၀ါမျိုးစိတ်ပေါင်း ၄၆ မျိုး၊ ငှက်မျိုးစိတ်ပေါင်း ၆၈ မျိုး၊ လိပ်ခုနစ်မျိုး၊ မိချောင်း ၁၀ မျိုးနှင့် မြွေမျိုး ရှိကြောင်း သိရသည်။

“လောလောဆယ်တော့ ရန်ကုန် တိရစ္ဆာန်ရုံမှာ အကောင်သစ်ဝယ်ဖို့ မရှိသေးပါဘူး။ လက်ရှိမြေနေရာ အနေအထားနဲ့ တိရစ္ဆာန်တွေကလည်း လုံလောက်မှု ရှိတယ်လို့ ထင်ပါတယ်။ 

အခုလာမယ့်ပွင့်လင်းရာသီမှာတော့ အာဖရိကမျိုး ကျားဖြူ တစ်ကောင်နှင့် သစ်ကုလားအုတ်တို့ကို နေပြည်တော်ကနေ ရန်ကုန် တိရစ္ဆာန်ဥယျာဉ် ကို ပြောင်းရွှေ့ပြသသွားဖို့ စီစဉ်နေပါတယ်။ 

အခုရာသီ မိုးရာသီဖြစ်တဲ့အတွက် အကောင်ပြောင်းရွှေ့ဖို့ အဆင်မပြေတဲ့ အတွက် လာမယ့် ပွင့်လင်းရာသီမှာပဲ အကောင် ပြောင်းရွှေ့မှုတွေ ပြုလုပ် သွားမှာပါ။ အခုလက်ရှိမှာတော့ ရန်ကုန်တိရစ္ဆာန် ဥယျာဉ်ကို အကောင်သစ်ထပ်ထည့်ဖို့ထက် အရင်ကအားနည်းချက်ဖြစ်တဲ့ သန့်ရှင်းရေးကို အဓိကအလေးထားလုပ်နေပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

နေပြည်တော်တိရစ္ဆာန်ဥယျာဉ်တွင် နို့တိုက်သတ္တ၀ါ ၂၃၁ မျိုး၊ တွားသွားသတ္တ၀ါ ၇၀ မျိုး၊ ကျေး ငှက် ၂၉၁ မျိုး စုစုပေါင်းမျိုးစိတ် ၅၉၂ မျိုးခန့်ရှိပြီး ဆင် ၁၁ ကောင်၊ ခြင်္သေ့လေးကောင်၊ ခြင်္သေ့ဖြူခြောက် ကောင်၊ ကျားဝါ လေးကောင်၊ ကျား ဖြူနှစ်ကောင်၊ ကျားသစ် နှစ်ကောင်၊ ရေမြင်း လေးကောင်၊ ပင်ဂွင်း ၁၀ ကောင်၊ ပန်ဒါနီ လေးကောင်စသည်ဖြင့် စုစုပေါင်းပြကွက် ၁၈ ကွက်ကို ပြသထားကြောင်း သိရသည်။

နေပြည်တော် ဆာဖာရီ ဥယျာဉ်တွင်မူ ကျားဝါ ခြောက်ကောင်၊ ခြင်္သေ့ ရှစ်ကောင်၊ကြံ့ဖြူ ခြောက်ကောင်၊ ဆိတ်သမင် ရှစ်ကောင်၊ သစ်ကုလားအုတ် ခုနစ်ကောင်၊ မြင်းကျား ၁၂ ကောင်၊ ဘို့တစ်လုံးကုလားအုတ် ခြောက်ကောင်၊ သမင် ၂၂ ကောင်စသည်ဖြင့် နို့တိုက်သတ္တ၀ါ ၂၀၆ မျိုးရှိပြီး အာရှဇုန်သုံးခု၊ တြစတေးလျဇုန်တစ်ခု၊ အာဖရိကဇုန် ၁၀ ခုစသည်ဖြင့် ပြသထားကြောင်း သိရသည်။

ထူးကုမ္ပဏီသည် မြန်မာနိုင်ငံရှိ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)၊ လှော်ကားဥယျာဉ် (ရန်ကုန်)၊ ဆာဖာရီ ဥယျာဉ် (နေပြည်တော်)၊ တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)၊ နက္ခတ်တာရာပြခန်း (နေပြည်တော်)၊ အမျိုးသားကန်တော်ကြီးဥယျာဉ် (ပြင်ဦးလွင်)၊ အမျိုးသားအထိမ်းအမှတ် ဥယျာဉ် (ပြင်ဦးလွင်)၊ ရတနာပုံ တိရစ္ဆာန်ဥယျာဉ် (မန္တလေး) စသည်တို့အား ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့မှစ၍ BOT စနစ်ဖြင့် ငှားရမ်းလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

ကာကွယ်ရေးပစ္စည်းစက်ရုံအတွက် ရွှာမြေ တွေသိမ်း ..


ရွာက မြေတွေကို ကာကွယ်ရေးပစ္စည်းစက်ရုံအတွက်လို့ အကြောင်းပြပြီး အသိမ်းခံရတဲ့ အကြောင်း နိုင်ငံတော်သမတထံကို စာရေးသားတင်ပြထားပေမယ့် ခုချိန်ထိအရေးယူဆောင်ရွက်ပေးတာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ဒေါ်ခင်မင်းဇော်က သတင်းပေးပို့ထားပါတယ်၊။