23 December, 2012

တတိယတန်း ဒဂုံရွှေအောင်လံ ဆီမီးဖိုင်နယ်



ယနေ့ကျင်းပသော တတိယတန်း ဒဂုံရွှေအောင်လံ ဆီမီးဖိုင်နယ် ပွဲစဉ်တွင် ပြည်နယ်နှင့်တိုင်း ရွှေတံဆိပ် ဆုရှင် ရဲမြင့်အောင်(အဖြူရောင်သွေးသစ်) က အာရှမွေ့ထိုင်း ရွှေတံဆိပ်ဆုရှင် ကညောဖိုး ကို အနိုင် ရရှိသွားကြောင်း သတင်းရယူနေသူ The Voice Weekly သတင်းထောက်က ပေးပို့သည်။

ထို့အပြင် မြှားထက်အောင်(မြထက်ကျော် ကလပ်)က ရွှေခါးပတ် ချန်ပီယံ နိုင်ဝင်း (ဘိလပ်မြေ စက်ရုံ)ကို အနိုင် ရရှိ သွားသည်။
ဒုတိယတန်း ရွှေအောင်လံ ဆီမီးဖိုင်နယ် ပွဲစဉ်တွင် အာရှထိုင်း ရွှေတံဆိပ် ဆုရှင် တူးတူး (နဂါးမာန် ကလပ်) က ပြည်နယ် နှင့် တိုင်း ရွှေတံဆိပ်ဆုရှင် သပြေညို (ဘိလပ်မြေစက်ရုံ) ကို အနိုင်ရရှိ သွားကြောင်း The Voice Weekly သတင်းထောက်က သတင်း ပေးပို့သည်။

ယင်းပွဲစဉ်တွင် ဖိုးသားကြီး (မန္တလေး) က ရွှေခါးပတ် ချန်ပီယံ လုံးချောလေးကို အလဲထိုး အနိုင်ရရှိခဲ့ သည်။
ဒုတိယတန်း ရွှေအောင်လံ ဖိုင်နယ် ပွဲစဉ်တွင် အာရှထိုင်း ရွှေတံဆိပ် ဆုရှင် တူးတူး(နဂါးမာန် ကလပ်)နှင့် ဖိုးသားကြီး (မန္တလေး)တို့ ထိပ်တိုက်တွေ့ဆုံ မည်ဖြစ်ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

ဒဂုံရွှေအောင်လံ ပထမတန်း ဆီမီး ဖိုင်နယ် ပွဲစဉ်တွင် ပြည်နယ် နှင့် တိုင်း ရွှေတံဆိပ် ဆုရှင်/ ဒဂုံရွှေအောင်လံ ဒုတိယဆု ရရှိဖူးသူ ဖိုးကေ (မြန်မာ) က ဘန်ကောက် လုမ္ပနီ ချန်ပီယံ ဖန်ခွန်မက် (ထိုင်း) ဒုတိယ အချီ စတင်ပြီး တစ်မိနစ် နှင့် ၄၃ စက္ကန့် အကြာတွင် အနိုင်ရရှိခဲ့သည်။

ယင်းကဲ့သို့ အနိုင် ရရှိသောကြောင့် ဇန်နဝါရီလ (၆) ရက်နေ့တွင် သိမ်ဖြူ ကွင်းတွင် ကျင်းပမည့် ဒဂုံရွှေအောင်လံ ပထမတန်း ဖိုင်နယ် ပွဲစဉ်တွင် ဖိုးကေနှင့် တွေ့မရှောင် (နဂါးမာန်) တို့ ယှဉ်ပြိုင် ထိုးသတ်မည် ဖြစ်သည်။ အဆိုပါ ဖိုင်နယ် ပွဲစဉ်များကို Sky Net ရုပ်သံလိုင်းတွင် ပြသမည် မဟုတ်ကြောင်း လက်ဝှေ့ပွဲ စီစဉ်သူ များထံမှ သိရသည်။
The Voice Weekly

No comments:

Post a Comment