25 November, 2012

ရန်ကုန် အရှေ့ပိုင်း ခရိုင် မြို့နယ်များကို သောက်သုံးရေ ၄၅ သန်း တိုးမြှင့် ဖြန့်ဝေ ပေးမည် ..


မကြာခဏ သောက်သုံးရေ ပြတ်လတ်မှုများ ကြုံတွေ့ နေရသော ရန်ကုန် အရှေ့ပိုင်း ခရိုင် မြို့နယ် များသို့ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၂ရက်နေ့ (ပြည်ထောင်စုနေ့) တွင် တစ်နေ့ ရေဂါလံ ၄၅သန်းကို တိုးမြှင့်၍ ဖြန့်ဝေ
ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်မြိုတော် စည်ပင် သာယာရေး ကော်မတီ ၊ (YCDC) အင်ဂျင်နီယာ ဌာန (ရေနှင့် သန့်ရှင်းမှု) ဌာန စီမံကိန်း တာဝန်ခံ စည်ပင် အရာရှိ တစ်ဦးက ပြောကြားသည်။
ရန်ကုန် အရှေ့ပိုင်း ခရိုင် မြို့များ ဖြစ်သည့် မြောက်ဥက္ကလာ၊
တောင်ဥက္ကလာ နှင့် သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံ ဆိပ်ကမ်း မြို့နယ် များကို
သောက်သုံးရေ များ တိုးမြှင့် ဖြန့်ဝေ သွားမည် ဖြစ်ကြောင်း (YCDC) အင်ဂျင်နီယာ ဌာန (ရေနှင့် သန့်ရှင်းမှု) ဌာန ထံမှ သိရသည်။
ရန်ကုန် မြို့တော်တွင် သောက်သုံးရေ ပိုမိုဖြန့်ဝေ နိုင်ရန် ဆောင်ရွက်လျက် ရှိသော ငမိုးရိပ် စီမံကိန်း အဆင့်(၂) ကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ
၁၂ရက် တွင် ပြီးစီးရန် လျာထားပြီး ယင်း စီမံကိန်း ပြီးစီးလျှင် တစ်ရက် ကို ရေဂါလံ ၄၅သန်း ခန့် တိုးမြှင့် ပေးသွား နိင်မည်ဟု စည်ပင်
အရာရှိ တစ်ဦးက အတည်ပြု ပြောဆိုသည်။
အဆိုပါ စီမံကိန်းမှာ ညောင်ညိုပင် ရေတွန်း စက်ရုံမှ မြောက်ဥက္ကလာ အဝိုင်းမှ ပါရမီ လမ်းနှင့် ဝေဇယန္တာ လမ်းအတိုင်း လေးထောင့်ကန် လမ်း အထိ စုစုပေါင်း ၂၂ ဒဿမ ၉၇ မိုင် တစ်လျှောက် ရေပိုက်များ သွယ်တန်းခြင်း နှင့် ရေပေး နိင်ရန် အတွက် ရေတွန်း စက်များ တည်ဆောက် နေပြီး လတ်တစ်လောတွင် ၈၀ ရာခိုင်နှုန်း ခန့် ပြီးစီး နေပြီ ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ရန်ကုန် အရှေ့ပိုင်း ခရိုင် အတွင်းရှိ မြို့နယ်များ ဖြစ်သည့် သင်္ဃန်းကျွန်း မြို့နယ်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) ရပ်ကွက် အချို့တွင် ရေရရှိမှု နည်းပါး လျက် ရှိရာ ယင်းမြို့နယ် အချို့ နေရာများမှာ ပင်မ ပိုက်လိုင်းနှင့်
ဝေးသောကြောင့် ထပ်ဆင့် ရေတွန်း စက်များ ရေတွန်း တင်နိုင်မှု အားနည်းသောကြောင့် ရေရရှိမှု နည်းပါးခြင်း ဖြစ်ကြောင်း၊ အင်ဂျင်နီယာ ဌာန (ရေနှင့် သန့်ရှင်းမှု) ဌာန စီမံကိန်း တာဝန်ခံ စည်ပင် အရာရှိ
တစ်ဦးက ရှင်းပြသည်။
ရန်ကုန်မြို့တွင် နေထိုင်သူ လူဦးရေ ၆သန်း နီးပါးကို သောက်သုံး
ရေများကို ဖူးကြီး၊ ဂျိုးဖြူ၊ လှော်ကား၊ ငမိုးရိပ် ရေလှောင်ကန် များမှ သောက်သုံးရေ များကို ပေးဝေလျက် ရှိပြီး၊ မြို့နယ် ၂၂ခု တွင်
အဝီစိ တွင်းပေါင်း ၄၁၀ နှင့် မြိုနယ် ၂၂ မြို့နယ်တွင် သောက်သုံးရေကန် ၁၀၈ကန် အပါအဝင်၊ ရန်ကုန်မြို့ စည်ပင် သာယာရေး ကော်မတီပိုင်
အဝိစိ တွင်းများမှ တဆင့် ရေများ ဖြန့်ဝေလျက် ရှိကြောင်း YCDC အင်ဂျင်နီယာ ဌာန (ရေနှင့် သန့်ရှင်းမှု) ဌာန ထံမှ သိရသည်။
ရန်ကုန် မြို့တွင် အဆိုပါ ရေလှောင်ကန် များမှ တဆင့် ဖူးကြီး၊ ဂျိုးဖြူ၊
လှော်ကား၊ ငမိုးရိပ် ရေလှောင် ကန် (အဆင့်-၁) နှင့် ကော်မတီပိုင် အဝီစိ တွင်းမှ သောက်သုံး ရေများကို နေစဉ် ရေဂါလံ သန်း ၁၆၀ ဖြန့်ဝေလျက် ရှိပြီး၊ ငမိုးရိပ် အဆင့်(၂) ပြီးစီး ပါက တစ်နေ့လျှင် သောက်သုံးရေ
ဂါလံပေါင်း ၂၀၅ သန်း ဖြန့်ဝေနိုင်မည် ဖြစ်ကြောင်း ယင်း ကော်မတီ၏ စာရင်းများ အရ သိရသည်။     
The Voice Weekly

No comments:

Post a Comment