20 October, 2012

ရွှေတိဂုံ စေတီတော်တွင် ထီးဖြင့် ချိတ်၍ အလှူခံငွေ ခိုးယူဟုဆို ..


ရန်ကုန်၊ အောက်တိုဘာ ၁၈

ကမ္ဘာလှည့် ခရီးသွားများ အဓိက လေ့လာ ဖူးမျှော်ရာ မြန်မာနိုင်ငံ ၏ အထင်ကရ စေတီတော် တစ်ဆူ ဖြစ်သော ရွှေတိဂုံ စေတီတော် တွင် အောက်တိုဘာ လ ၉ ရက်နေ့ က အဆိုပါ စေတီတော် တနင်္ဂနွေ ထောင့် ရှိ ဘိုးဘိုးအောင် ဘုရား သံတံခါး အတွင်းရှိ အလှူငွေများ ကို ထီးနှင့် ချိတ်ဆက်၍ ခိုးယူမှု တစ်ခု ဖြစ်ပွား ခဲ့ကြောင်း ရွှေတိဂုံ စေတီ ဂေါပကရုံး အဖွဲ့မှူး ဦးဝင်းကြိုင် က ပြောကြားသည်။ 
အဆိုပါအလှူငွေခိုးယူခံရမှုဖြစ်စဉ်သည်သုံးနှစ်အတွင်းပထမဆုံးအကြိမ်ခိုးယူ ခံခဲ့ရခြင်း ဖြစ်ကြောင်း ၎င်း က ဖြည့်စွက် ပြောကြားသည်။
ရွှေတိဂုံ စေတီတော် တနင်္ဂနွေထောင့် ရှိ သံဘာဂျာ တံခါးပိတ် ထားသော ဘိုးဘိုးအောင် ဘုရား အတွင်းရှိ အလှူငွေ များကို ထီးနှင့် ချိတ်ဆွဲ ယူငင် နေသည် ကို ဘုရားဖူး များက တွေ့ရှိတိုင်ကြား ရာမှ ဘုရား လုံခြုံရေးများ က ဖမ်းဆီး နိုင်ခဲ့ခြင်း ဖြစ်ပြီး ခိုးယူသူ ကို ဒဂုံမြိုနယ် ရဲစခန်းသို့ အပ်နှံ ခဲ့ကြောင်း အသက် လေးဆယ် ကျော် အရွယ် ရွှေတိဂုံ စေတီ လုံခြုံရေး က ရှင်းပြသည်။
လွန်ခဲ့သည့် သုံးနှစ်ခန့်က အဆိုပါ စေတီရှိ အလှူငွေများကို တုတ်တံ နှင့် ထိုးကလော်ခြင်း၊ ပီကေ ကပ် ၍ ခိုးယူခြင်း များရှိခဲ့ကြောင်း ရွှေတိဂုံ စေတီတော် ဂေါပကဝင် တစ်ဦး က ပြောကြားသည်။
"ဒီမှာတော့ ဘူးရားဖူး တွေဆီက ခါးပိုက်နှိုက်တာ၊ လုယက်တာ၊ ဘုရားက ရွှေခွာ ခိုး တာတွေတော့ ကြားဖူး တယ်။ အဲလို ဘုရားထဲ က ငွေကို ထီးနဲ့ ဆွဲယူတာတော့ မကြားဖူးဘူး" ဟု ရွှေတိဂုံ ဘုရား တောင် ဘက် စောင်းတန်း ရှိ ဈေးသည် တစ်ဦး ဖြစ်သူ ဦးမြင့်စိုးကThe Voice Weekly သို့  ပြောကြားသည်။
ရွှေတိဂုံ စေတီတော်သို့ တစ်ရက်လျှင် ပျမ်းမျှ ဘုရားဖူး ခရီးသည် နှစ်သောင်း ခွဲကျော် လာရောက် လေ့ရှိပြီး စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များ တွင် လေးသောင်းခွဲ ကျော်ခန့် လာ ရောက် ကြောင်း ရွှေတိဂုံ စေတီတော် ဂေါပကရုံး၏ တရားဝင် ထုတ်ပြန်ချက် များအရ သိရှိရသည်။____________________________________
Reference and Credit to -The Voice Weekly

No comments:

Post a Comment